အလ်အက္ကဆွာဗလီက သတ္ထုရှာဖွေရေး Metal Detector စက်တွေကို ပြန်ရုပ်သိမ်း

လွန်ခဲ့တဲ့ တစ်ပတ်ကျော်တုန်းက ဂျေရုဆလင်မြို့ အလ်အက္ကဆွာဗလီဝင်းထဲမှာ အစ္စရေးရဲနှစ်ယောက်နဲ့ ပါလက်စတိုင်းသုံးယောက်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဗလီကြီးရဲ့ဝင်ပေါက်ကို အရံအတားတွေနဲ့ ပိတ်ဆို့ခဲ့သလို သတ္ထုရှာဖွေရေး Metal Detector စက်တွေတပ်ဆင်ခဲ့တာကြောင့် ပါလက်စတိုင်းပြည်သူတွေက ကန့်ကွက်ခဲ့ကြပါတယ်။ 
 
အဲဒီလိုလုံခြုံရေးစည်းကမ်းသစ်တွေကိုဆန့်ကျင်တဲ့အနေနဲ့ ပါလက်စတိုင်းပြည်သူတွေဟာ Metal Detector စက်တွေကိုဖြတ်ပြီးမှ ဗလီထဲဝင်ရမယ်ဆိုရင် မဝင်ဘူးဆိုပြီး ဗလီအပြင်ဘက်မှာပဲ ဝတ်ပြုဆုတောင်းမှုတွေလုပ်ခဲ့ကြပါတယ်။ လုံခြုံရေးအရံအတားအသစ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ကမ္ဘာအရပ်ရပ်မှာ အစ္စရေးအစိုးရရဲ့လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ အခုတော့ အစ္စရေးအစိုးရက အဲဒီစက်တွေဟာ ရေရှည်အတွက်မဟုတ်ဘူးလို့ ပြောပြီး ဒီနေ့မနက်အစောပိုင်းအချိန်မှာ ပြန်လည်ဖြုတ်သိမ်းပေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင် ၂၂ ရက်ကလည်း လုံခြုံရေးစည်းမျဉ်းသစ်တွေမဖယ်ရှားပါက အစ္စရေးနဲ့အဆက်အသွယ်ဖြတ်တောက်မယ်လို့ ပါလက်စတိုင်းသမ္မတပြောကြားခဲ့ပါသေးတယ်။
 
Metal Detector စက်တွေကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား စိတ်ဝမ်းကွဲမှုပိုမိုကြီးထွားလာမည်ကိုစိုးရိမ်သောကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ သံတမန်နည်းဖြင့် ဝင်ရောက်ညှိနှိုင်းပေးခဲ့ပြီး နောက်ပိုင်း ယခုလိုပြန်လည်ရုပ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။
 
(၁) ဆက်စပ်ဖတ်ရှုရန် – ဂျေရုစလင်က အလ်-အက္ကဆွာဗလီဝင်းထဲမှာဖြစ်ပွားနေတဲ့ ပဋိပက္ခ https://www.facebook.com/enlightenmentonline/videos/1920562371557565/
 
(၂) လုံခြုံရေးစည်းမျဉ်းသစ်တွေမဖယ်ရှားပါက အစ္စရေးနဲ့အဆက်အသွယ်ဖြတ်တောက်မယ်လို့ ပါလက်စတိုင်းသမ္မတပြော http://wp.me/p5pNNN-vw
 
(၃) ဂျေရုဆလင်အရေးအခင်း မြေပြင်အခြေအနေ https://www.facebook.com/enlightenmentonline/videos/1921901994756936/
 
ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2umlRbf