စားသောက်ကုန်ပြတ်လပ်မည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ကာတာကို အီရန်ကူညီမည်

အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၏ သံတမန်နှင့် ဆက်သွယ်ရေးဖြတ်တောက်မှုကြောင်း စားသောက်ကုန် ပြတ်လပ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ကာတာနိုင်ငံအား အီရန်နိုင်ငံက စားသောက်ကုန်တင်ပို့မှုတိုးမြှင့်သွားမည်ဟု အီရန်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။
 
မိမိတို့နိုင်ငံသည် အဓိကပင်လယ်ဆိပ်ကမ်းမြို့သုံးမြို့မှတစ်ဆင့် လယ်ယာထွက် စားသောက်ကုန်အမျိုးမျိုးအား ကာတာနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်ကြောင်း အီရန်လယ်ယာစိုက်ပျိုးရေးထွက်ကုန်တင်ပို့ရေးသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ ဆိုင်ယဒ် ရီဇာ နူရာနီက ဆိုသည်။
ကာတာ၏ တစ်ခုတည်းသော ကုန်းကြောင်းဆက်သွယ်ရေးလမ်းကြောင်းဖြစ်သော ဆော်ဒီအာရေးဗျနိုင်ငံသည် ဆက်သွယ်ရေးဖြတ်တောက်လိုက်သောကြောင့် ကျန်ရှိအနီးဆုံးအိမ်နီးချင်းဖြစ်သော အီရန်နိုင်ငံကိုအားထားရတော့မည်ဖြစ်သည်။ ကာတာမှ အီရန်တို့ သင်္ဘောလမ်းကြောင်းမှတစ်ဆင့် စားသောက်ကုန်တင်ပို့ချိန်မှာ ၁၂ နာရီကြာမြင့်မည်ဖြစ်သည်။
 
ဆိပ်ကမ်းမြို့သုံးမြို့ဖြစ်သော Bushehr, Bandar Abbas နှင့် Bandar Lengeh မြို့များသည် ကာတာနိုင်ငံသို့ စားသောက်ကုန်သဘောင်္များစေလွှတ်ရန် အသင့်ဖြစ်နေပြီဟု နူရာနီက ပြောသည်။
 
တစ်ခုတည်းသော စားသောက်ကုန်တင်သွင်းရာ ကုန်လမ်းကြောင်းဖြစ်သည့် ဆော်ဒီက ပိတ်ဆို့လိုက်သောကြောင့် ကာတာပြည်သူမြောက်မြားစွာသည် နီးစပ်ရာ စူပါမားကတ်များသို့ ပြုံတိုးကာ စားသောက်ကုန်များအလုအယက်ဝယ်နေကြရသည်။
 
တနင်္လာနေ့အစောပိုင်း ဆော်ဒီအာရေးဗျ၊ ယူအေအီး၊ အီဂျစ်နှင့် ဘာရိန်းနိုင်ငံတို့သည် ၂၄ နာရီအတွင်း ကာတာနိုင်ငံနှင့် ကုန်းကြောင်း၊ လေကြောင်း၊ ရေကြောင်း ဆက်သွယ်ရေးများကို ဖြတ်တောက်ပစ်မည်ဟု ကြေညာခဲ့သည်။ ထို့နောက်တွင် ယင်းလေးနိုင်ငံကို ယီမင်၊ လစ်ဗျား၊ မော်ရေးရှပ်နှင့် မော်လဒိုက်နိုင်ငံတို့ကလည်း ပူးပေါင်းလိုက်ပြီဖြစ်သည်။
 
ဆက်စပ်သတင်းများဖတ်ရှုရန် –
ကာတာပိတ်ဆို့မှု နောက်ဆက်တွဲ အကျိုးဆက် (၁၀) ချက်
http://wp.me/p5pNNN-ov
ဆော်ဒီ၊ ဘာရိန်း၊ အီဂျစ်နှင့် ယူအေအီးနိုင်ငံတို့က ကာတာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ဖြတ်တောက် http://wp.me/p5pNNN-om

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7