ရေတွင်းထဲကျနေတဲ့ ဆင်လေးကို ကယ်တင်ခဲ့တဲ့ အိန္ဒိယရွာသားများ

ပေ ၇၀ အနက်ရှိတဲ့ ရေတွင်းထဲကို မတော်တဆပြုကျခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ဆင်ပေါက်စလေးတစ်ကောင်ကို ကြိုးနဲ့ ကရိန်းအသုံးပြုပြီး ကယ်တင်နိုင်ခဲ့ပါတယ်။
 
ဆင်ပေါက်လေးရေတွင်းထဲကျခဲ့တဲ့အဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း တမိလ်နာဒူးပြည်နယ် ဂိုဗာနုရ်ရွာမှာ လွန်ခဲ့တဲ့ အင်္ဂါနေ့ညပိုင်းက ဖြစ်ပွားခဲ့တာပါ။ ရေခန်းနေတဲ့ရေတွင်းထဲကိုပြုတ်ကျပြီး ၂၄ နာရီကျော်ကြာ ပိတ်မိနေတဲ့ ဆင်လေးကို ကင်းလှည့်နေတဲ့ သစ်တောအရာရှိတွေက တွေ့ရှိခဲ့တာပါ။
 
အော်သံကြားတာကြောင့် အသေအချာစစ်ဆေးကြည့်ရာမှာ ကူကယ်ရာမဲ့နေတဲ့ ဆင်လေးကို ရေတွင်းရဲ့အောက်ခြေမှာသွားတွေ့ခဲ့တာဖြစ်ပါတယ်။ ဆင်ပေါက်လေးကို ရွာသားတွေက အံ့မခန်းကယ်တင်ခဲ့ကြတဲ့ ဗီဒီယိုကို တင်ဆက်လိုက်ရပါတယ်။
ဉာဏ်အလင်း

Ref: sunnyskyz
မတ်လထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz