အမဲသားသယ်ဆောင်သည်ဟုစွပ်စွဲခံရသည့် မွတ်စလင်တစ်ဦး ဓားထိုးသတ်ခံရ

အမဲသား (နွားသား) သယ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် မွတ်စလင်ဆယ်ကျော်သက်တစ်ဦးအား ဓားထိုးခဲ့သော ဟိန္ဒူလူရမ်းကားတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က စနေနေ့တွင်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။
 
ဟိန္ဒူဘာသာဝင်များသည် နွားကို အထွဋ်အမြတ်ထားကြပြီး အိန္ဒိယပြည်နယ်တော်တော်များများ၌ နွားသတ်ခြင်း၊ နွားပိုင်ဆိုင်ခြင်း သို့မဟုတ် အမဲသားစားခြင်းကို ပိတ်ပင်ထားပြီး တချို့အစွန်းရောက်အုပ်ချုပ်သောပြည်နယ်များတွင်မူ တစ်သက်တစ်ကျွန်းချသည်အထိရှိသည်ဟု သိရသည်။
 
ညီအစ်ကိုသုံးဦးနှင့်အတူ နယူးဒေလီမှ ခရီးထွက်လာသော အသက် ၁၅ နှစ်အရွယ် ဂျူနိုင်းဒ်ခါန်းကို လူ ၁၅ ဦးနှင့် ၂၀ ဦးခန့်က ဓားများဝှေ့ယမ်းကာ မွတ်စလင်ဆန့်ကျင်ရေးစကားများပြောရင်း ခြိမ်းခြောက်ရန်စခဲ့ပြီး ထိုထဲမှတစ်ဦးက အမဲသားများသယ်လာသည်ဟု စွပ်စွဲခဲ့သည်။
 
ခါန်းကို သေသည်အထိ ဓားတ်ဖြင့်ထိုးသတ်ခဲ့ပြီး အစ်ကိုဖြစ်သူ ရှာကိရ်မှာမူ လည်ပင်း၊ ရင်ဘတ်၊ လက်တို့၌ ဓားဒဏ်ရာများရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
 
“ထိုင်ခုံလုရင်းပြဿနာစတက်ကြတာ။ ဒီအမှုကို ကျနော်တို့အသေးစိတ်လိုက်နေပါတယ်။ လောလောဆယ်တော့ နိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်သား အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်” ဟု မီးရထားရဲအရာရှိ အဂျေးကူမားရ်က ပြောသည်။
 
ခါန်း၏အစ်ကို ဟက်ဆမ်းက မိမိတို့သည် အမဲသားသယ်ဆောင်ခြင်းလုံးဝမရှိကြောင်း အထပ်ထပ်သက်သေပြခဲ့သော်လည်း လူရမ်းကားများက လျစ်လျူရှုခဲ့ကြောင်း သတင်းထောက်များကို ပြောပြခဲ့သည်။ “မုန့်ထုတ်တစ်ထုတ်ကို လက်ညှိုးထိုးပြရင်း အမဲသားသယ်လာတာကြောင့် ထိုင်ခုံမှာ ပေးမထိုင်ဘူးလို့ သူတို့က ပြောခဲ့တာပါ” ဟု သူကပြောသည်။
 
ဤအဖြစ်အပျက်သည် နွားစောင့်ရှောက်ရေး ဟိန္ဒူဘာသာဝင်များက တိုက်ခိုက်ခဲ့သော နောက်ဆုံးဖြစ်ရပ်ဖြစ်သည်။ ဟိန္ဒူနွား ကာကွယ်ရေးသမားများသည် မွတ်စလင်များနှင့် ဇာတ်နိမ့်ဒါလစ်များကို ပစ်မှတ်ထားတိုက်ခိုက်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

A cult of Hindu worshipers in India is claiming that drinking fresh cow urine can help

လွန်ခဲ့သော နှစ်နှစ်တာကာလအတွင်း အမဲသားသယ်ဆောင်သည်သို့မဟုတ် နွားမှောင်ခိုတင်သွင်းသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မွတ်စလင် တစ်ဒါဇင်နီးပါးသည် နိုင်ငံအဝန်းအသတ်ခံခဲ့ရသည်။
 
၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် ဟိန္ဒူလက်ယာစွန်း ဘာရက်တီယား ဂျနာတားပါတီ (BJP ပါတီ) မှ နရင်းဒရာ မိုဒီ ဝန်ကြီးချုပ်အဖြစ် အနိုင်ရရှိခဲ့ပြီးနောက်ပိုင်း ဟိန္ဒူအစွန်းရောက်လူရမ်းကားများ ပို၍ ရဲတင်းကာ ရမ်းကားလာခဲ့ကြောင်း ဝေဖန်သူများက ထောက်ပြခဲ့သည်။ သို့ရာတွင် လွန်ခဲ့သောနှစ်ကမူ ဟိန္ဒူနွား ကာကွယ်ရေးလူရမ်းကားများကို ဝန်ကြီးချုပ်မိုဒီက ပြစ်တင်ရှုတ်ချခဲ့ပြီး ဘာသာရေးအကာအကွယ်ရယူကာ ရာဇတ်ဝတ်မှုကျူးလွန်နေခြင်းကို ဖြိုခွင်းရန် တိုက်တွန်းပြောကြားခဲ့သေးသည်။
 
Ref: AFP
 
ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2sfEZqD