တစ်နှစ်ပြည့် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၂) ထွက်ပြီ

၁၂ စောင်မြောက် လစဉ်ထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၁၂) ထွက်ပါပြီ။ နှစ်သစ်ကစလို့ အတွဲ(၂) အမှတ်(၁) ကနေ ပြန်ထွက်တော့မှာပါ။ အခု ကဏ္ဍစုံလင်လှတဲ့ အမှတ် (၁၂) မှာပါတဲ့ ကဏ္ဍလေးတွေကို စာဖတ်ပရိသတ်အတွက် စာမြည်းလေးညွှန်းလိုက်ရပါတယ်။

ဘာသာရေးကဏ္ဍတွေကိုပြောရမယ်ဆိုရင် ကုရ်အာန်ကဏ္ဍမှာ M.အောင်မြတ်ဦးက သမိုင်းဝင်တဲ့ ရဗီအွလ်အောင်ဝ်ဝလ်အကြောင်းရေးထားပါတယ်။ M.ကျော်ထွေးဝင်းကတော့ လွန်ခဲ့တဲ့လကစပြီး ရေးသားလျက်ရှိတဲ့ သာသနာကပြဋ္ဌာန်းထားတဲ့အပေးအယူကဏ္ဍကို ဆက်လက်တင်ဆက်ပေးထားပါတယ်။

သာသနာ့အမေး မွဖ်တီ့အဖြေကဏ္ဍမှာ မော်လဝီဟာဖိဇ်မွဖ်သီ အိလ်ယားစ်က ဖန်ပြွန်သန္ဓေသားကိစ္စကို ဆွေးနွေးပေးထားပါတယ်။

ဒီလမှာ GTI ကျော်မင်းနိုင်က လောင်းကစားကို လုံးဝဥဿုံရှောင်ရှားဖို့ ထောင့်စေ့အောင် ရေးသားတင်ပြထားပါတယ်။ စားပိုင်မစားပိုင်ကဏ္ဍမှာ ကျိုင်းကောင် အကြောင်းကို မော်လဝီရဟ်မသွလ္လာဟ်က ဖော်ပြပေးထားပါတယ်။

လက်တလော Hot ဖြစ်နေတဲ့ ဂျေရုစလင်အရေးနဲ့ပတ်သက်လာရင် စတီဗင်က လျှပ်တပြက်အလ်အက္ကဆွာဆိုတဲ့ အချက်အလက်ဆောင်းပါးနဲ့ ကာတွန်းကဏ္ဍကို တင်ဆက်ပေးထားပါတယ်။

မြန်မာမွတ်စလင်ရေးရာကဏ္ဍမှာ M.အောင်မြတ်ဦးက စွယ်စုံဗလီတွေဖြစ်ဖို့ ဝိုင်းဝန်းဆောင်ရွက်စို့ ဆိုပြီး တိုက်တွန်းထားပါတယ်။

စာရေးဆရာရဲမာန်အောင်က တစ်နှစ်ပြည့်မှာ အသုံးလွဲနေတဲ့လူမှုကွန်ရက် ဆောင်းပါး၊ စာရေးဆရာ ကျော်ကျော်ဝင်းက Profile ကဏ္ဍအဖြစ် ခါလိဒ်ဗင်န်ဝလိဒ်အကြောင်း ကူညီအားဖြည့်ပေးထားပါတယ်။

လစဉ်ဆောင်းပါးတွေရေးနေတဲ့ ကျော်မင်းထိုက် (ရာမညမြေ) ကလည်း မက္ကဆီကိုမာယာဒေသမှ တိုင်းရင်းသားမွတ်စလင်တွေအကြောင်းရေးသားထားပါတယ်။ ဒါ့အပြင် ရာဇာက သူရေးနေကျ လူမျိုးစုကဏ္ဍမှာ အင်ဒိုဌာနေတိုင်းရင်းသား မီနန်ကဘောင်လူမျိုးစုအကြောင်းကို စုံလင်စွာရှာဖွေတင်ပြထားပါတယ်။

ကျန်းမာရေးကဏ္ဍမှာ ညင်သာစွာအသက်ဇိဝိန်ခြင်းခြွေခြင်း (ယူသနေးစီးယား) အကြောင်းကို M. ကျော်ထွေးဝင်းက သာသနာ့ရှုထောင့်ကနေ သုံးသပ်ထားပြီး ဒေါက်တာချစ်ဆွေက ကျန်းမာရေးရှုထောင့်ကနေ ချဉ်းကပ်ထားတာကို စိတ်ဝင်စားဖွယ်ရာ ဖတ်ရှုရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီလမှာ Mohammed Naeem (Y.I.T) ရဲ့ အိမ်ထောင်ရှင်အမျိုးသားကောင်းတို့ရဲ့အရည်အချင်းများ ဆောင်းပါး ပြန်ပါလာပါပြီ။

ဘာသာပြန်ကိုယ်တွေ့ဆောင်းပါးကဏ္ဍမှာ မျိုးအိနြေ္ဒပိုက “ဆန္ဒနဲ့ဘဝတစ်ထပ်တည်းမကျတဲ့အခါ” ဘယ်လိုနေထိုင်ပြုမူမလဲဆိုတာကို လှလှပပ ခြယ်မှုန်းထားပါတယ်။

တိရစ္ဆာန်လေးတွေအကြောင်းရေးနေတဲ့ ကိုအေးထွန်းက ဒီလမှာ မက္ကဆီကိုရေပုတ်သင်အကြောင်း ပြောပြထားပါတယ်။ ကမ္ဘာ့နိုင်ငံများကဏ္ဍမှာတော့ အိုမန်နိုင်ငံအကြောင်း ဖတ်ရှုရမှာပါ။

ကလေးဖတ်ပုံပြင်ရေးတဲ့ K.နိုက်တင်ဂေးလ်က ဒီလမှာ လင်းနို့ပုံပြင် ပြောပြထားပါတယ်။

အထက်ပါဆောင်းပါးတွေအပြင် သမိုင်း၊ အမွေအနှစ်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး၊ ဥပဒေ၊ အတွေးအမြင်၊ ဘာသာပြန်၊ ကာတွန်း၊ ပုံပြင်အစရှိတဲ့ ကဏ္ဍစုံလင်စွာနဲ့ ပရိသတ်ရှေ့အရောက်ပို့ထားတဲ့ တစ်နှစ်သားလေး ဉာဏ်အလင်းကို အရွယ်အစား 8 MB ထဲနဲ့ မည်သူမဆို အခမဲ့ Download ရယူဖတ်ရှုနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ။

——————————-

8 MB သာ ရှိတဲ့ တစ်နှစ်ပြည့် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၂) ကို အခမဲ့ Download ရယူရန် –

Mediafire – http://bit.ly/2C2F9Vu
pCloud – http://bit.ly/2DNx1sy

Leave a Reply

Your email address will not be published. Required fields are marked *