ခရစ်ယာန် ၇၀ ခန့်ကို အသက်ရင်းပြီး ကယ်ခဲ့သူ ဖိလစ်ပိုင်မွတ်စလင်အမျိုးသား

စစ်သွေးကြွများနှင့် အစိုးရတပ်ဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည့် ဖိလစ်ပိုင်နိုင်ငံ မင်ဒနောင်းကျွန်းပေါ်တွင် ခရစ်ယာန်ဘာသာဝင် ၆၄ ဦးအား ကယ်ဆယ်စောင့်ရှောက်ပေးခဲ့သော မွတ်စလင်တစ်ဦးကို သူရဲကောင်းအဖြစ် ဂုဏ်ပြုခဲ့ကြောင်း သတင်းရရှိသည်။
 
တိုက်ပွဲများကြောင့် ကျွန်းပေါ်ရှိ လူဦးရေ ၉၀ရာခိုင်နှုန်းထွက်ပြေးခဲ့ကြပြီး ကျန်ရစ်ခဲ့သူများမှာ စစ်သွေးကြွများ၏လက်ချက်ဖြင့် အသတ်ဖြတ်ခံ အဖိနှိပ်ခံရကြောင်း သိရသည်။
 
နူရွတ်ဒီန်း အလွန်တို လွတ်က်မန်း ဆိုသည့် မွတ်စလင်နိုင်ငံရေးသမားဟောင်းတစ်ဦးက ၎င်း၏အိမ်တွင် ကျွန်းပေါ်၌ ပိတ်မိနေသော ခရစ်ယာန် ၆၄ ဦးခန့်ကို ခိုလှုံခွင့်ပေးခဲ့သည်။ လွတ်က်မန်းကယ်ဆယ်ခဲ့သည့် ခရစ်ယာန်အရေအတွက်မှာ ၇၁ ဦးခန့်ရှိမည်ဟု အကြမ်းဖျဉ်းသိထားရပြီး သူ့ကိုသတ်ဖြတ်ပြီးမှသာ ခရစ်ယာန်များကို ထိခွင့်ရှိမည်ဟု ရဲရဲတောက်ပြောခဲ့သူဖြစ်သည်။
 
“ခရစ်ယာန်တွေ မြို့ထဲပိတ်မိနေတယ်။ ဒီတော့သူတို့ကို ကာကွယ်ဖို့ ကျနော့်မှာတာဝန်ရှိတယ်” ဟု မစ္စတာ လွတ်က်မန်းက ဆိုသည်။
 
“ဒီရက်ပိုင်းမှာ ခရစ်ယာန်အလုပ်သမားတွေ ကျနော့်အိမ်မှာ လာရောက်ခိုလှုံကြတယ်။ ကျနော့်ဆီမှာ ၆၄ ယောက်ရှိတယ်။ သူတို့ဘာမှမဖြစ်အောင် ကာကွယ်ပေးဖို့ ကျနော်လုံးဝစိတ်ပိုင်းဖြတ်ပြီးသား” ဟု သူက ဆက်ပြောသည်။
 
ထို့အပြင် သတ္တိခဲ လွတ်က်မန်းသည် စစ်ဘေးသင့်မာရာဝီမြို့ကို အလံဖြူထောင်ကာ ခရစ်ယာန်များနှင့် အတူဖြတ်သန်းခဲ့ပြီး မြို့ပြင်သို့ ဘေးကင်းစွာပို့ဆောင်ပေးနိုင်ခဲ့သည်။

Marawi is currently the battleground between Islamic militants and the Philippine army (Picture: REX)

တစ်ကြိမ်တွင်ဆိုလျင် စစ်သွေးကြွများက ၎င်းတို့ကို ဟန့်တားကာ ထိုသူများ ခရစ်ယာန်ဟုတ်မဟုတ်စစ်ဆေးခဲ့ကြသည်။ သို့သော် လွတ်က်မန်းနှင့် လူအုပ်ကြီးက “အလ္လာဟုအက္ကဘရ်” ဟု သံပြိုင်ဟစ်ကြွေးကာ တုံ့ပြန်ပြခဲ့သောကြောင့် ထွက်ခွာခွင့်ရခဲ့သည်ဟု ဆိုသည်။
 
တိုက်ပွဲများကြောင့် လက်ရှိအချိန်ထိ စစ်သွေးကြွ ၁၂၀ဦး၊ အစိုးရစစ်သား ၃၈ ဦးနှင့် အရပ်သား ၂၀ ဦးတို့ သေဆုံးခဲ့ပြီးဖြစ်သည်။
ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM