ဟလီမာ ယာကွဘ်သမ္မတဖြစ်လာလိမ့်မည်ဟု စင်ကာပူနိုင်ငံသားများယုံကြည်

အလွှာစုံမှ စင်ကာပူနိုင်ငံသားများသည် လာမည့် ၂၀၁၇ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌ ဟလီမာ ယာကွဘ် သမ္မတဖြစ်လာလိမ့်မည်ဟု တပ်အပ်ယုံကြည်နေကြသည်။
 
ဂေါင်ရှီနီ ဆိုသည့် စင်ကာပူနိုင်ငံသားက “စင်ကာပူမှာအမျိုးသမီးသမ္မတအုပ်ချုပ်ပြီဆိုရင် ကောင်းလိုက်မယ့်ဖြစ်ခြင်း။ စင်ကာပူအတွက်ရှေ့ရောက်မယ့်ခြေလှမ်းပါပဲ။ စောစီးကတည်းက သူသမ္မတဖြစ်ရမယ်လို့ ဆုံးဖြတ်ထားရတာက ကောင်းပါတယ်” ဟု ပြောသည်။
 
တူးပေါင်ဆိုသူကမူ “ကျနော်တို့နိုင်ငံမှာအမေရိကန်လိုဖြစ်မှာမလိုလားဘူး။ အဲဒီမှာက ပြည်သူ့မဲအနိုင်မရပေမယ့် သမ္မတဖြစ်နိုင်တယ်လေ။ စင်ကာပူမှာတော့ ပြည်သူ့မဲမှ လုံလုံလောက်လောက်မရရင် အနိုင်ရဖို့မရှိဘူး။ ပြုတ်မှာပဲ” ဟု ဆိုခဲ့သည်။
 
စင်ကာပူနိုင်ငံရေးသမား ဟလီမာဘင်တိ ယာကွဘ်သည် လက်ရှိအာဏာရ People’s Action ပါတီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ကိုးဦးမြောက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူအဖြစ် ၂၀၁၃ခုနှစ် ဇန်န၀ါရီလကတည်းက စတင်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
 
၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် စင်ကာပူသို့သွားရောက်ခဲ့စဉ်က ဟလီမာယာကွဘ်နှင့် တွေ့ဆုံခဲ့သေးသည်။
ဉာဏ်အလင်း
Ref: http://newnation.sg/
Photo – Halimah Yacob Facebook

ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE