နယူးကာဆယ် ဘောလုံသမားဟောင်း သီယိုတီ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူ

ဘာသာရေးလေးစားတဲ့ မွတ်စလင် ဘောလုံးသမား Cheick Tiote ဟာ လွန်ခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားခဲ့ပါတယ်။ သူ့ကစားတဲ့ တရုတ်ဘောလုံးကလပ် ပေကျင်းအင်တာပရိုက်စ်နဲ့အတူ လေ့ကျင့်ခန်းဆင်းနေချိန် လဲကျသွားခဲ့ပြီးနောက် ဆေးရုံကိုအရေးပေါ်တင်ပို့ပြီး တစ်နာရီအကြာမှာ ကွယ်လွန်သွားခဲ့တာပါ။ သီယိုတီဟာ အမာဆုံးကစားသမားဖြစ်ပြီး အလှဆုံးအပြုံးကို ပြုံးနိုင်သူဖြစ်ကြောင်း ဘောလုံးလောက က အသိအမှတ်ပြုပြီး ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၃၀ သာရှိသေးတဲ့ သီယိုတီဟာ လာမယ့် ဇွန် ၂၁ ရက်မှာ ၃၁ နှစ်ပြည့်မှာဖြစ်ပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်တဲ့အားလျော်စွာ ဘောလုံးသမားဖြစ်ပေမယ့် ရမဇာန် ဥပုသ်လ တစ်လလုံး ဆွိယာမ်ဥပုသ်စောင့်ထိန်းသူဖြစ်ပါတယ်။
 
သူ့ရဲ့ယခင်နယူးကာဆယ်အသင်းကစားဖော်ဖြစ်ခဲ့သူ ဒမ်ဘာ ဘ (Demba Ba) ကလည်း “ကျနော်မျိုးရဲ့ညီနောင် သီယိုတီကို အလ္လာဟ်အရှင်မြတ်သခင် ဂျန္နသ်သုခဘုံနန်းကို ချီးမြှင့်ပေးသနားတော်မူပါ” လို့ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ ဆုတောင်းပေးခဲ့ပါတယ်။
 
၂၀၁၅ ခုနှစ် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ သီယိုတီဟာ အိုင်ဗိုရီကိုစ်နိုင်ငံလက်ရွေးစင်ကစားသမားအဖြစ် နိုင်ငံအတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ ဘယ်ဂျီယံနိုင်ငံ အန်ဒါလက်ခ်ျကလပ်မှာ ကြေးစားဘောလုံးသမားဘဝကိုစတင်ခဲ့ပါတယ်။ အဲဒီနောက် နယ်သာလန် ကလပ်ဖြစ်တဲ့ တွမ်တီးကို ရွှေ့ပြောင်းခဲ့ပြီး ၈၆ ပွဲ ပွဲထွက်ကစားခဲ့ပါတယ်။ နည်းပြမက္ကလာရင်ရဲ့ လက်အောက်မှာ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီရဲ့ Eredivisie အမှတ်ပေးဇယားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပါတယ်။
 
သီယိုတီဟာ ကွင်းလယ်ခံစားကစားသမားတစ်ဦးဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ နယူးကာဆယ်အသင်းကို ပေါင်စတာလင် ၃.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ၂၀၁၇ ဖေဖော်ဝါရီလမှာ ပေကျင်းအင်တာပရိုက်စ် ကလပ်ကို ပြောင်းရွှေ့ခဲ့တာပါ။
 
ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7