ဝီရသူမှတ်တမ်းရုပ်ရှင် ပြင်သစ်ကိန်းရုပ်ရှင်ပွဲတော်တွင်ပြမည်

အီရန်နွယ်ဖွား ဆွီဒင်လူမျိုး ဒါရိုက်တာ Berbet Schroeder (ဦး) ၀ီရသူအကြောင်းရိုက်ကူးထားတဲ့ အင်္ဂလိပ်စကားပြော မှတ်တမ်းရုပ်ရှင် The Venerable W ကို ပြင်သစ်နိုင်ငံတွင် မေလ ၁၈ -၂၇ ရက်အတွင်း ကျင်းပမည့် ကိန်းရုပ်ရှင်ပွဲတော်၌ ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

ရုပ်ရှင်ဇာတ်ကောင်မှာ မွတ်စလင်မုန်းတီးရေးတရားများ ဟောကြားသည့် အစွန်းရောက်သံဃာ ၀ီရသူဖြစ်သည်။ (ဦး) ၀ီရသူသည် တိုင်းမ်မဂ္ဂဇင်းမျက်နှာဖုံးတွင်လည်း ဗုဒ္ဓဘာသာ၏အကြမ်းဖက်မျက်နှာ (The Face of Buddhist Terror) အဖြစ် ၂၀၁၃ ခုနှစ်က ဖော်ပြခံထားရသူဖြစ်သည်။

ဤမှတ်တမ်းရုပ်ရှင်ကို လာမည့် ဇွန်လ ၇ ရက်တွင် တရားဝင်ပြသမည်ဖြစ်ပြီး ယင်းနေ့မတိုင်ခင် ကိန်းရုပ်ရှင်ပွဲတော်မှာ အထူးအစီအစဉ်အနေဖြင့် တင်ဆက်မည်ဖြစ်သည်။

ရုပ်ရှင်ဖန်တီးသူများမှာ –

ဒါရိုက်တာ – Barbet SCHROEDER
ဂီတ – Jorge ARRIAGADA
Director of Photography – Victoria CLAY MENDOZA
ရုပ်ရှင်အယ်ဒီတာ – Nelly QUETTIER တို့ဖြစ်သည်။

ရုပ်ရှင် Trailer ကြည့်ရှုနိုင်ရန် ဉာဏ်အလင်းမှ တင်ဆက်ပေးလိုက်သည်။

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7

အဆင်မပြေမှုများ၊ အကြံဉာဏ်များနှင့် ကြော်ငြာကိစ္စများအတွက်

Enlightenment Magazine Messenger သို့မဟုတ်
ဖုန်း – 0945760661 သို့မဟုတ်
Email – enlightment.magazine@gmail.com တို့ကို ဆက်သွယ်နိုင်ပါတယ်။