ကမ္ဘာကျော်ဘောလုံးသမားတွေနဲ့ ကလပ်အသင်းတွေ အီးဒ် နှုတ်ခွန်းဆက်သ

အစ္စလာမ်ဘာသာဝင်တွေအထွဋ်အမြတ်ထားရာ ဝါတွင်း ရမဇာန်လမြတ်ကုန်ဆုံးပြီး ဝါကျွတ်အီးဒ်နေ့အခါသမယမှာ ကမ္ဘာကျော်ဘောလုံးသမားတွေက နှုတ်ခွန်းဆက်သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
 
အီဒွလ်ဖိသိရ် ဝါကျွတ်အီးဒ်နေ့ သဝဏ်လွှာပေးပို့ခဲ့ကြတဲ့ ဘောလုံးသမားတွေထဲမှာ အာဆင်နယ်ကစားသမား မီစွတ်အိုဇေးနဲ့ မန်ယူကစားသမား ပေါလ်ပေါ့ဂ်ဘာတို့လည်းအပါအဝင်ဖြစ်ပါတယ်။

မီစွတ်အိုးဇေးပုံနဲ့အတူ အီးဒ်နှုတ်ခွန်းဆက်သထားတဲ့ အာဆင်နယ်အသင်း

ပေါ့ဂ်ဘာက “မိသားစုဝင်တွေနဲ့ အကောင်းဆုံးအချိန်ကိုပိုင်ဆိုင်နိုင်ပါစေ။ အလ္လာဟ်အရှင်မြတ်က အသင်တို့ရဲ့တောင်းဆိုဒိုအာကို လက်ခံတော်မူပါစေ” လို့ နှုတ်ခွန်းဆက်ခဲ့ပြီး အိုဇေးက “သင်နဲ့သင်ချစ်ရသူတွေအပေါ် အီးဒ်ကောင်းချီးမင်္ဂလာများခညောင်းပါစေသား” လို့ နှုတ်ခွန်းခဲ့ပါတယ်။

အီးဒ်နှုတ်ခွန်းဆက်သထားတဲ့ ပေါလ်ပေါ့ဂ်ဘာ

 
အာဆင်နယ်ကွင်းလယ်လူ ရှခိုဒရန် မွတ်စ်တာဖီနဲ့ အိလ်ဂေး ဂန်ဒိုဂန်တို့ကလည်း အီးဒ်ပွဲတော်ဆင်နွှဲခဲ့ကြပြီး အသင်းဖော်တွေကိုလည်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

အီးဒ်နှုတ်ခွန်းဆက်သထားတဲ့ ရှခိုဒရန် မွတ်စ်တာဖီ

ဒါ့အပြင် မန်ယူ၊ မန်စီးတီးနဲ့ လီဗာပူးတို့အပါအဝင် ကမ္ဘာကျော်ဘောလုံးကလပ်တွေကလည်း သူတို့ကိုအားပေးတဲ့ မွတ်စလင်ပရိသတ်တွေအတွက် အီးဒ်နေ့နှုတ်ခွန်းဆက်သမှုများ အသီးသီးပြုလုပ်ခဲ့ကြပါတယ်။

အီးဒ်နှုတ်ခွန်းဆက်သထားတဲ့ မန်စီးတီးအသင်း

အီးဒ်နှုတ်ခွန်းဆက်သထားတဲ့ ယာယာတိုရေး

အီးဒ်နှုတ်ခွန်းဆက်သထားတဲ့ မန်ယူအသင်း

အီးဒ်နှုတ်ခွန်းဆက်ထားတဲ့ လီဗာပူးအသင်း

Ref: Goal.com
 
ဆက်စပ်ဖတ်ရှုရန်
 
မွတ်စလင်တို့၏ ရမဇာန် ဥပုသ်လ ဆိုသည်မှာ … http://wp.me/p5pNNN-oq
 
မွတ်စလင်တွေရဲ့ အီဒွလ်ဖိသိရ် (စမိုင်အစ်) … http://wp.me/p5pNNN-sj
 
ရန်ကုန်ဖိသ်ရဟ်ပေါက်ကြေး ၁၀၀၀ ကျပ် လို့ အိုလမာကြေညာ http://wp.me/p5pNNN-sp
 
အီးဒ်မုဘာရက် (အီးဒ်နေ့ကောင်းချီးမင်္ဂလာ) ပါလို့ နှုတ်ခွန်းဆက်သလိုက်တဲ့ ယူကေဝန်ကြီးချုပ် http://wp.me/p5pNNN-sL
 
ကနေဒါဝန်ကြီးချုပ် အီးဒ်သဝဏ်လွှာပေးပို့ http://wp.me/p5pNNN-sQ
 
ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။
 
Mediafire – http://bit.ly/2sfEZqD