ပြစ်မရှိ ပြစ်ရှာ လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ

မွတ်စလင်များအား သဲသဲလှုပ်မုန်းသူထုနဲ့ထေးရှိသည့်တိုင်းပြည်၌ မွတ်စလင်ပညာတတ်တစ်ယောက်ကို ချောင်ထိုးချင်ကြသည်မှာ အဆန်းတော့မဟုတ်ချေ။ အာဇာနည်ချင်းအတူတူ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေးအား အာဇာနည်စာရင်းထဲမှ
ဖြုတ်ချချင်သူများ ရှိနေသည့် တိုင်းပြည်တွင် မွတ်စလင်ပညာတတ်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးသွား လေတော့ အပုပ်ချတိုက်ခိုက်လေတော့သည်။

အပုပ်ချပုံချနည်းများကတော့စုံလှသည်။ အသက်ရှင်လျက်ရှိစဉ်ကတစ်မျိုး၊ ကွယ်လွန် သေဆုံးချိန်တွင်တစ်ဖုံ မရိုးရပေ။ နောက်ဆုံးလူမှုကွန်ရက်ဖေ့စ်ဘုတ်တွင် ဦးကိုနီပြောကြားထာသည်ကို ဖြတ်ညှပ်ကပ်တင်လိုက်သည့် ဗီဒီယိုတစ်ခုဖြင့် အပုပ်ချ တိုက်ခိုက်လာပြန်သည်။ ဦးထင်လင်းဦးတုန်းက ခံလိုက်ရသကဲ့သို့ပင်။ ဤသည် Character Assassination လုပ်ခြင်းဖြစ်သည်။ ဂုဏ်သိက္ခာလုပ်ကြံခြင်းဟုဆိုရပေမည်။ ရှင်လျက်ရှိစဉ်မှာသာမက ကျဆုံးကွယ်လွန်ပြီးသည့်နောက်တွင်လည်း ဦးကိုနီသည် နှစ်ကြော့တိုင်တိုင် ဂုဏ်သိက္ခာလုပ်ကြံခံခဲ့ရရှာသည်။ အမှန်တော့ ယင်းဗီဒီယိုထဲ၌ ဦးကိုနီကရွေးကောက်ပွဲတွင် မွတ်စလင်မဲများမကွဲစေဘဲ စည်းစည်းလုံးလုံးရှိကြဖို့ ဟောပြောခဲ့ခြင်းဖြစ်သည်။

ပါ့ခ်ရှိုင်ရယ်ပွဲမှာပြောခဲ့သည့် ယင်းဗီဒီယိုဖိုင်သည် မွတ်စလင်များဦးဆောင် ကျင်းပသည့် ပွဲတစ်ခုဖြစ်ရန်သေချာသည်။ ထို့ကြောင့် မွတ်စလင်များနားလည်သည့်စကား၊ အသုံးအနှုံး၊ အခင်းအကျင်းများချပြကာ မွတ်စလင်များကို စည်းရုံးရသည်။ ဦးကိုနီသည် ဘာသာရေးခေါင်းဆောင်တစ်ဦးမဟုတ်သော်လည်း မွတ်စလင်ကွန်မြူနီတီထဲက ပြစ်မရှိ ပြစ်ရှာ လမင်းကို
ခွေးဟောင်လို့ ထွန်းလျက်ပင်သာ ရွှေလရောင် ပြောင်မပျက်တယ် လူတစ်ဦးဖြစ်နေသည့်အလျောက် မိမိကွန်မြူနီတီအတွက် အကောင်းဆုံးဖြစ်စေရန် အကောင်းဆုံးဖြစ်စေချင်သည်မှာ မဆန်းပေ။ လူတိုင်းလူတိုင်းတွင် ကိုယ့်အမျိုးကိုယ်ချစ်စိ
တ်ရှိကြသည်။ ထိုမျိုးချစ်စိတ်သည် အစွန်းရောက်စိတ်မဟုတ်ပါ။ သူတစ်ပါးအမျိုးကို ထိခိုက်ပြီးမှ ကိုယ့်အမျိုးကောင်းစားရေးလုပ်မည်ဆိုသည့် ညမ်းညမ်းသော အမျိုးချစ်စိတ် မဟုတ်။ ဒါကိုကွဲကွဲပြားပြားသဘောပေါက်နားလည်ရန်လိုသည်။

မြန်မာပြည်နိုင်ငံရေးသမိုင်းတွင် မွတ်စလင်များ သမိုင်းမသေဖို့၊ မွတ်စလင်တွေ အနေနဲ့ မြန်မာပြည်ရဲ့ခပ်မြင့်ရာထူးတွေမှာ ရှိဖို့အတွက် သြဇာရှိမွတ်စလင်တစ်ယောက်က စည်းရုံးဆော်သြခြင်းသည် မည်သူ့မည်သူကိုမှ ထိခိုက်နစ်နာစရာအကြောင်းပါ။ ထပ်ပြော ဦးမည်။ ဦးကိုနီသည် မွတ်စလင်အရေးလုပ်ခဲ့သူမဟုတ်။ တိုင်းပြည်စစ်ကျွန်ဘ၀မှ လွတ်မြောက်ဖို့အရေးအဓိကလုပ်ခဲ့သူဖြစ်သည်။ ဤသည်သာလျှင် သူ၏ပင်မပန်းတိုင်၊ အန္တတိမရည်မှန်းချက်များဖြစ်သည်။ ဒါကိုမှ မရှုစိတ်ဖြင့် မွတ်စလင်အရေးလုပ်ပြီး တိုင်းပြည် ကိုချောက်တွန်းမရောင် ပုံဖော်ရေးသားနေကြသူများအနေဖြင့် ကိုယ့်လိပ်ပြာကိုယ်တော့ လုံစေချင်သည်။

ဦးကိုနီ၏နာရေးကိုလိုက်ပါပို့ဆောင်စဉ်က သူငယ်ချင်းတွေအချင်းချင်းအခုလို ပြောမိကြသည်။ “ဦးကိုနီအသက်ကြီးလို့ သူ့ဖာသာ အိမ်မှာ လူကြီးရောဂါနဲ့ ဆုံးသွားရင်တောင် အခုလို ဂုဏ်သိက္ခာမျိုးနဲ့ နောက်ဆုံးခရီးသွားရမှာမဟုတ်ဘူး။ အခုလိုလုပ်ကြံခံရလိုက်တာ သူ့အတွက် ဂုဏ်သိက္ခာအမြင့်ဆုံးပုံစံနဲ့ သေလိုက်ရတာပဲ” ဟု။

 

ဒီနေရာမှာ မန်လည်ဆရာတော်ရဲ့ ပတ္တမြားရွှေဂူကဗျာလေးနဲ့ပဲ အဆုံးသတ်လိုက်မယ်။

“ပြစ်မရှိ ပြစ်ရှာ လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ်
ထွန်းလျက်ပင်သာ။
မြရွှေဂူ ပတ္တမြားကိုလ ၀က်များက ငြူစူစွာ ညွန်လူးကာတိုက်နဲ။
ပွတ်လေလေ ဂူရွှေမှာ အရောင်ထွက်တယ် ရှေးကထက်ကဲ”

မုဟမ္မဒ်သွာလ်ဟဟ် (ခ) စတီဗင်
၀၁.၀၂.၂၀၁၇ (ညနေ ၀၆း၄၅)