ဆော်ဒီကို ဆေးနဲ့ လက်ဆောင်တွေယူသွားမယ့် ဟာဂျီလောင်းတွေအတွက် အသိပေးချက်

အောက်မှာဖော်ပြမယ့် ဆေးဝါးတွေဟာ ဆော်ဒီအာရေးဗျနိုင်ငံမှာ တားမြစ်ဆေးဝါးအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒီဆေးဝါးစာရင်းကို ၂၀၁၆ ခုနှစ် ဧပြီ ၈ ရက် ထုတ် Um Al Qura Magazine အတွဲ ၄၆၁၃ မှာလည်း တရားဝင်ဖော်ပြထားပြီးဖြစ်ပါတယ်။ ဒီစာရင်းကို အခုအခါ ဟာဂ်ျပြုလုပ်ဖို့ ဆော်ဒီလာရောက်မယ့် ဟာဂျီလောင်းတွေကို သတိပေးတဲ့အနေနဲ့ ဆော်ဒီသံရုံးပြန်လည်ထုတ်ပြန်ပေးထားပါ။

ဆော်ဒီနိုင်ငံ ဟာဂ်ျဝန်ကြီးဌာနက မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး တွေ့ရှိရင် သေဒဏ်ချမှတ်ထားတာကြောင့် ဟာဂျီတွေအနေနဲ့ မိမိတို့ကိုလူကြုံပါးလိုက်တဲ့လက်ဆောင်ပစ္စည်းတွေကို စစ်ဆေးခြင်းမပြုဘဲ ယူဆောင်မသွားဖို့ Gold Stone ဟဂ်ျနှင့် အွမ္မရာဟ်အထူးဝန်ဆောင်မှု ကုမ္ပဏီကလည်း သတိပေးထားပါတယ်။

ဆော်ဒီအာရေးဗျက တားမြစ်ဆေးဝါးအဖြစ်သတ်မှတ်ထားတဲ့ ဆေးစာရင်းကို ဉာဏ်အလင်းက တစ်ဆင့်ဖော်ပြလိုက်ရပါတယ်။

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP