သြဂုတ်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၉) ထွက်ပြီ

စာဖတ်ပရိသတ်တွေစောင့်မျှော်နေကြတဲ့ သြဂုတ်လထုတ် ပထမဆုံးမြန်မာမွတ်စလင် e-Magazine ဉာဏ်အလင်း အတွဲ(၁) အမှတ်(၉) ထွက်ပါပြီ။ ဟာဂ်ျနဲ့ အီဒွလ်အဿွဟာအထူးထုတ်ဖြစ်ပါတယ်။
 
မဂ္ဂဇင်းထဲမှာ ဟာဂ်ျ၊ ကုရ်ဗာနီနဲ့ပတ်သက်လာရင် အထူးဆောင်းပါးဖြစ်တဲ့ သမိုင်းဝင်မိသားစုဖြစ်တဲ့ တမန်တော်အိဗ်ရာဟီးမ်တို့ မိသားစုအကြောင်း အပါအဝင် အစ္စလာမ်ကပြောတဲ့တိရစ္ဆာန်အခွင့်အရေး၊ နွားသားသည် ကျန်းမာရေးကို ထိခိုက်စေပါသလား အစရှိတဲ့ ဆောင်းပါးကောင်းတွေပါဝင်ပါတယ်။
 
ဒီလမှာ မြန်မာမွတ်စလင်တွေအတွက်နောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်တဲ့ ဟလာလ်/ဟရာမ်ကဏ္ဍအတွက် အထူးတင်ဆက်ထားပါတယ်။ Facebook မှာစစ်တမ်းကောက်ယူရရှိထားတဲ့အချက်အလက်တွေနဲ့ ပေါင်းစပ်ပြီး ဟလာလ်/ဟရာမ်နဲ့ ပတ်သက်ပြီး မြန်မာမွတ်စလင်တွေဘယ်လောက်သိသလဲဆိုတဲ့ သတင်းဆောင်းပါးကို တင်ဆက်ပေးထားပါတယ်။ ဒါ့အပြင် ဟလာလ်တံဆိပ်ကပ်ထားလည်း သတိထား၊ သွိုင်ယိဗ်သန့်ပြန့်မှုမရှိရင် အလကားဆိုတဲ့ဆောင်းပါးကိုလည်း ဖတ်ရှုနိုင်ဦးမှာပါ။
 
မြောက်ကိုရီးယားနိုင်ငံမှာ ဗလီတစ်လုံးရှိတယ်ဆိုတာ စာဖတ်ပရိသတ်တို့သိပါသလား။ အဲဒီဗလီအကြောင်းကိုလည်း ဖော်ပြထားပါသေးတယ်။ လူမျိုးစုကဏ္ဍမှာတော့ တွာရဂ်လူမျိုးစုအကြောင်းဖတ်ရှုရမှာပါ။
 
ဒါ့အပြင် ဥပဒေ၊ မိသားစုအရေး၊ ကျန်းမာရေး၊ သမိုင်း၊ နိုင်ငံတကာရေးရာ၊ ပုံပြင်၊ နှလုံးသားအာဟာရ၊ အထွေထွေဗဟုသုတ အစရှိတဲ့ကဏ္ဍအစုံအလင်ကို ထူးခြားတဲ့အပြင်အဆင်နဲ့ တင်ဆက်ပေးလိုက်ပါပြီ။
 
အရွယ်အစားအားဖြင့် 6.6MB သာရှိတာကြောင့် ပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူပြီး တဝကြီးဖတ်ရှုနိုင်ကြပါပြီ။ အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူပြီးကိုယ်တိုင်လည်းဖတ်ရှုပါ၊ အများကိုလည်း မျှဝေပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေ။
 
Mediafire – http://bit.ly/2w2D4r2