ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ထွက်ပြီ

 လမြတ်ရမဇာန်အထူးထုတ် ဉာဏ်အလင်းမဂ္ဂဇင်းထွက်ပါပြီ။
 
ရမဇာန်အထူးထုတ်ဆိုတဲ့အတိုင်း ရမဇာန်နဲ့ ပတ်သက်တာတွေ စုံစုံလင်လင်နဲ့ တစ်ဝကြီးဖတ်ကြရမှာပါ။
 
အယ်ဒီတာအာဘော်ကိုက အစ ရမဇာန်ဆုတောင်းလေးနဲ့ ဖွင့်ထားပါတယ်။ ရမဇာန်ဆောင်းပါးတွေအနေနဲ့ –
 
“ရမဇာန်ကိုအသုံးချလို့ သွေးချင်းညီနောင်များကိုဖိတ်ခေါ်စို့”
“ရမဇာန်နှင့် ကုရ်အာန်”
“ဇကားမှန်မှန်ကန်ကန်ပေးကြစို့”
“ရမဇာန်လမှာ ဥပုသ်စောင့်ရင်း အစ္စလာမ်ကိုကူးပြောင်းခဲ့သူ”
“ကျနော့်မှာ အစာအိမ်ပြဿနာရှိတယ် ရိုဇာဘယ်လိုထားမလဲ”
 
… တို့ ပါဝင်ပြီး
 
အထူးဆောင်းပါးအနေနဲ့ စာရေးဆရာ ရဲမာန်အောင်က –
“အိန္ဒိယအလေးချိန်တိုလာမှ မြန်မာ့အလေးချိန်သို့ ….” ဆိုတဲ့ဆောင်းပါးနဲ့ ကူညီအားဖြည့်ပေးထားပါတယ်။ ဇကားသ်ထုတ်မယ့်လူတွေအတွက် အတော်လေးကိုအဆင်ပြေအောင် ရှင်းပြထားပါတယ်။
 
လက်တလောကမ္ဘာအရပ်ရပ်က အဖြစ်အပျက်တွေနဲ့ပတ်သက်ပြီး ကာတာပြဿနာနဲ့ ပတ်သက်လို့ “ပုခုံးချင်းယှဉ်နိုင်ခြေရှိတဲ့ ဒေသတွင်းနိုင်ငံမှန်သမျှကို အပျောက်ရှင်းမယ့် ဆော်ဒီ” အပြင် ကာတာပိတ်ဆို့မှုကို ပုံဖော်ထားတဲ့ ကာတွန်းဆရာတွေရဲ့ လက်ရာတွေကို ကြည့်နိုင်ဦးမှာပါ။
 
ဒါ့အပြင် ဖိလစ်ပိုင်က မွတ်စလင်တွေ သူပုန်ထမှုနဲ့ပတ်သက်ပြီး ဘာကြောင့် သူတို့တွေ သူပုန်ထရသလဲဆိုတာကို အခြေခံကျကျ နားလည်ချင်ရင် “မိုရိုလူမျိုးစု” ဆိုတဲ့ ဆောင်းပါးရှည်ကို ဖတ်ဖို့လိုပါလိမ့်မယ်။
 
သားသမီးပြုစုပျိုးထောင်ရေးကဏ္ဍမှာ အခန်းဆက်အနေနဲ့ Mohammed Naeem (YIT) ရဲ့ “ပန်းပျိုးလက်” ဆောင်းပါး ယခင်လမှ အဆက်ကို ဆက်လက်ဖတ်ရှုနိုင်မှာပါ။
 
မွတ်စလင်တွေကြားမှာ ပျောက်ကွယ်နေတဲ့ အမွေအနှစ်တစ်ခုရှိပါတယ်။ အဲဒါကတော့ စာဖတ်ခြင်းပါပဲ။ အဲဒီစာဖတ်ခြင်းနဲ့ပတ်သက်ပြီးတော့လည်း “စာဖတ်ခြင်း သို့မဟုတ် ကွယ်ပျောက်လု မွတ်စလင့်အမွေအနှစ်” ဆောင်းပါးနဲ့ အသိပေးထားပါတယ်။
 
ပြည်တွင်းရေး၊ နိုင်ငံတကာအရေး၊ အစ္စလာမ့်ဗဟုသုတ၊ အထွေထွေဗဟုသုတတွေ အပြင် ဆောင်းပါးကောင်း ၂၀ ကျော်ပါဝင်တဲ့ ဇွန်လထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၇) ကို ကြိုက်နှစ်သက်ရာ အောက်ပါ Link တစ်ခုခုမှာ Download ရယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Mediafire – http://bit.ly/2sfEZqD