မေလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၆) ထွက်ပြီ

ကဏ္ဍ – Editorial

မေလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၆) ကို လူတိုင်း အခမဲ့ Download ရယူနိုင်ဖို့ တင်ပေးလိုက်ပါပြီ။ ဒီလထုတ်မှာ အခက်အခဲတစ်ခုကြောင့် လ၀က်ကျော်ကျော်နောက်ကျသွားခဲ့ပါတယ်။ အဲဒီအတွက် စောင့်မျှော်နေကြတဲ့ စာဖတ်ပရိသတ်ကို တောင်းပန်ပါရစေ။

ဒီလထုတ်မှာဘာတွေဖတ်ရမလဲ။ အမြည်းလေးနည်းနည်းကြရအောင်။

မျက်နှာဖုံးဆောင်းပါးကို “သေနတ်ကိုင်ဆရာဝန်” များနဲ့ ဖွင့်ထားပါတယ်။ မြန်မာပြည်က အဖွဲ့အစည်းတစ်ခု ISIS နဲ့ စစ်ဖြစ်နေတဲ့ အီရတ်နိုင်ငံမှာ ဘယ်လိုကယ်ဆယ်မှုတွေလုပ်နေသလဲဆိုတာကို ဖတ်ရမှာပါ။

M.အောင်မြတ်ဦးက မြန်မာနိုင်ငံမှာအရေးတကြီးလိုအပ်နေတဲ့ အွန်လိုင်းဖသ်ဝါဌာနရဲ့အရေးပါမှုကို နိုင်ငံတကာနဲ့နှိုင်းယှဉ်ထောက်ပြထားပါတယ်။ ဒါ့အပြင် ကိုယ့်အားကိုယ်ကိုးကြဖို့ကိုလည်း ရေသာခိုအချောင်မလိုက်ဘဲ ကိုယ့်ဝမ်းကိုယ်ကျောင်းကြဆိုတဲ့ ဆောင်းပါးနဲ့တိုက်တွန်းထားပါတယ်။ မကြာခင်ရမသွာန်လရောက်တော့မှာကြောင့် ဟဒီးဆ်ကဏ္ဍမှာ M.အောင်မြတ်ဦးက ရှ်ဗာန်မှသည် ရမဿွာန်ဆီသို့ ဆောင်းပါးကို တင်ဆက်ပေးထားပါတယ်။

ဟလာလ်၊ ဟရာမ်ကဏ္ဍမှာ မွေးမြူရေးကြက်နဲ့ပတ်သက်တဲ့ အမိန့်ပညတ်ချက်ကို ကာရီရဟ်မသွလ္လာဟ်က အားဖြည့်ပေးထားပါတယ်။

ပုံပြင်တွေရေးလေ့ရှိတဲ့ K.နိုက်တင်ဂေးလ်က အားလူးပုပ်သင်ခန်းစာ တစ်ခုပေးထားပါတယ်။

GTI ကျော်မင်းနိုင်ငံ ငလျင်အကြောင်းကို ဘာသာရေးရှုထောင့်ကနေ “ငလျင်၏နောက်ကွယ်” ဆိုတဲ့ဆောင်းပါးနဲ့ တင်ဆက်ပေးထားပါတယ်။

ဒီလအတွက် လူမျိုးစုများကဏ္ဍမှာ ရုရှားဌာနေတိုင်းရင်းသား ဘရှ်ကိရ်မျိုးနွယ်စုအကြောင်းကို ရာဇာက စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးထားပါတယ်။

Convert Story ကဏ္ဍမှာ အတွေးအမြင်သစ်တွေပေးတဲ့ ပထမဆုံးမွတ်စလင် Lifestyle မဂ္ဂဇင်း Emel ရဲ့အယ်ဒီတာအမျိုးသမီး ဆာရာဂျိုးဆပ်အကြောင်း၊ အမျိုးသမီးအခွင့်အရေးကဏ္ဍမှာ တရုတ်မွတ်စလင်ဟိဂျာဗီမလေး ရဟ်မဟ်အကြောင်း၊ ကျန်းမာရေးကဏ္ဍမှာ ချင်းရဲ့ကောင်းကျိုးတွေအကြောင်းကို စတီဗင်က တင်ဆက်ထားပါတယ်။ ဒိန်းမတ်လူမျိုးဂျာနယ်လစ် ကနူးဒ်ဟုမ်ဘိုးရဲ့ အစ္စလာမ်ဘာသာကိုကူးပြောင်းခဲ့တဲ့ ဇာတ်လမ်းနဲ့အတူ သူ့ရဲ့ ကန္တာရတစ်လွှား သက်စွန့်ဆံဖျား စွန့်စားခန်းခရီးစဉ်တွေကို “ကန္တာရခရီးသည် ကနူးဒ်ဟုမ်ဘိုး” ခေါင်းစဉ်နဲ့ စတီဗင်က စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားထားပါသေးတယ်။

မျိုးအိနြေ္ဒပိုကတော့ အင်ဂျင်ချွတ်ယွင်းနေတဲ့ ဧရာမသင်္ဘောကြီးကိုပြင်ပေးခဲ့တဲ့ အဖိုးအိုအကြောင်းကို ရေးထားပါတယ်။

အစွန်းရောက်အမျိုးသားရေးဝါဒ (Ultra-Nationalism) အကြောင်းကို ရှင်းရှင်းလင်းလင်းသိစေဖို့အတါက် မောင်သုညက အရိုးရှင်းဆုံး ရေးပြထားပါတယ်။

Facebook ပေါ်မှာ စာရေးကောင်းတဲ့ Mohammed Naeem (YIT) က ကလေးသူငယ်တွေပြုစုပျိုးထောင်ရေးကဏ္ဍမှာ အခန်းဆက်ဆောင်းပါးအဖြစ် “ပန်းပျိုးလက်” နဲ့ စပြီးကူညီအားဖြည့်လိုက်ပါပြီ။

အိန္ဒိယတိုက်ငယ်တစ်လွှားက ရှေးအကျဆုံးဗလီက ဘယ်ဟာလဲ၊ မြောက်ကိုရီးယားကို ဘယ်သူတွေက ဘယ်လိုအနိုင်ကျင့်ခဲ့လို့ အခုလိုအခြေအနေမျိုးရောက်နေရတာလဲ၊ ပြီးတော့ သမိုင်းထဲက တင်ဘောက်တူမြို့အကြောင်း၊ မလေးရှားနိုင်ငံအကြောင်းကိုလည်း ဉာဏ်အလင်းမှာ ဖတ်နိုင်မှာပါ။

ဒီလအတွက် အာရဗီစာပေကနေဆင်းသက်လာတဲ့ အင်္ဂလိပ်စကားလုံးကဏ္ဍမှာ ဘောလုံးကလပ်အသင်းတစ်ခုရဲ့နာမည်နဲ့တူတဲ့ စကားလုံးတစ်လုံးကို Nulla က ဖော်ပြခဲ့ပါတယ်။

Prejudice ဆိုတာဘာလဲ၊ Discrimination ဆိုတာဘာလဲ သိချင်ရင် မောင်သုညရဲ့ ဆောင်းပါးကိုဖတ်ဖို့လိုပါတယ်။

ကာတွန်းကဏ္ဍမှာတော့ အငတ်ဘေးနဲ့ပတ်သက်ပြီး ကမ္ဘာအရပ်ရပ်က ကာတွန်းဆရာတွေရဲ့ လက်ရာအစုံအလင်ကို အ၀ကြည့်ရမှာပါ။

အကောင်လေးတွေအကြောင်းရေးလို့ လူသိများတဲ့ အေးထွန်းက ဒီလမှာ “သက်ကယ်အမြှီး”တဲ့။ ဘာအကောင်များဖြစ်နေမလဲ?

လစဉ်တင်ဆက်ပေးနေကျ အခန်းဆက် ကမ္ဘာသမိုင်းကဏ္ဍမှာ ဟစ်တလာအကြောင်း အဆက်နဲ့ နိုက်တမ်ပလာဘာသာရေးဂိုဏ်း (Nights Templar) အကြောင်း အဆက်ကို ဆက်လက်ဖတ်ရှုနိုင်ဦးမှာပါ။

Pdf ရဲ့ အရွယ်အစားကိုလည်း စာဖတ်ပရိသတ်အတွက် အဆင်ပြေနိုင်သမျှပေအောင် လျှော့ထားပါတယ်။ ဒီလမှာဆိုရင် 5 MB သာရှိပါတော့တယ်။

အပြင်အဆင်ကောင်းပြီး ကဏ္ဍစုံလင်တဲ့ ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ

pCloud – http://bit.ly/2rp2r17

Dropbox – http://bit.ly/2pNIeG7

အဆင်မပြေမှုများ၊ အကြံဉာဏ်များနှင့် ကြော်ငြာကိစ္စများအတွက်

Enlightenment Magazine Messenger သို့မဟုတ်

ဖုန်း – 0945760661 သို့မဟုတ်

Email – enlightment.magazine@gmail.com တို့ကို ဆက်သွယ်နိုင်ပါတယ်။

#ဉာဏ်အလင်း

#ပထမဆုံး မြန်မာမွတ်စလင် e-Magazine

#အယ်ဒီတာအဖွဲ့