ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ထွက်ပြီ

ဧပြီလထုတ်ဉာဏ်အလင်းမှာ ထူးခြားတဲ့ ဒီဇိုင်းအပြင်အဆင်၊ ဖတ်စရာအသစ်သစ်သောကဏ္ဍတွေအပြင် ကလောင်သစ်တွေရဲ့ လက်ရာတွေကို ခံစားဖတ်ရှုနိုင်မှာပါ။

ဒီလထုတ်မှာဘာတွေဖတ်ရမလဲ
======================
မျက်နှာဖုံးဆောင်းပါးကို X2O အမှုနဲ့ ခွင်ဆင်ခံရပြီး အသက်ပေးသွားရတဲ့ ကိုဖြိုးဝေအောင်အကြောင်းနဲ့ အစပျိုးထားပါတယ်။ “သင်္ကြန်ရောက်တိုင်း သတိရမိသူတစ်ဦး” ဆိုတဲ့ခေါင်းစဉ်နဲ့ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ကဖြစ်အင်တွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကုလသမဂ္ဂက နိုင်ငံတကာအချက်အလက်ရှာဖွေရေးမစ်ရှင် (Fact-finding Mission) ကို တာဝန်ပေးလိုက်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လက်မခံကြောင်း မတ် ၃၀ မိန့်ခွန်းမှာပြောခဲ့ပါတယ်။ အဲဒီ Fact-finding Mission ဆိုတာ ဘာလဲ၊ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commissions of Inquiry) ဆိုတာဘလဲ ဆိုတာကိုလည်း ပြည့်ပြည့်စုံစုံ ဖတ်ရှုရမှာပါ။

ခုလို ပွင့်လင်းမြင်သာလာတဲ့ခေတ်မှာ အင်းဝအမှုမတိုင်ခင်နဲ့ တိုင်းပြီးချိန်တောက်လျောက်မှာ အိမ်အကူတွေကို အကြမ်းဖက်တဲ့ အမှုအခင်းတွေ မီဒီယာထက်ကို ရောက်လာပါတယ်။ အစ္စလာမ်မှာ အိမ်အကူတွေကို အကြမ်းမဖက်ဖို့ ဘယ်လိုသင်ကြားပေးထားသလဲဆိုတာကို M.အောင်မြတ်ဦးက ဆောင်းပါးရေးထားပြီး ရောင်နက်ဗလီရှေ့ဆောင်ဆရာ မုဖ်သီအလီက မှတ်ချက်ပေးထားတာကိုလည်း ဖတ်နိုင်ပါတယ်။

ခေတ်ဦးကစ၊ ခေတ်သစ်အထိ အမြစ်တွယ်နေတဲ့ရောဂါဆိုးတစ်ခုအကြောင်း၊ ပြီးတော့ ရှောင်လေဝေးဝေးဒေါသဘေးဆိုတဲ့ ဆောင်းပါးကို M.အောင်မြတ်ဦးက တင်ဆက်ထားပါတယ်။

ကလောင်သစ် Nulla က အရေးအကြီးဆုံးကိုအရင်ဆုံးလုပ်ဖို့အတွက် ပုံသေမဟုတ်သောဖြစ်နိုင်ချေသီအိုရီကို အခြေခံပြီး ဉာဏ်အလင်းအတွက်အားဖြည့်ထားပါတယ်။

လစဉ်ပါနေကျ ဟလာလ်-ဟရာမ်ကဏ္ဍအတွက် ကာရီရဟ်မသွလ္လာဟ်က ဒီလမှာ တိရစ္ဆာန်တွေကို ဓာတ်တို့ပြီး သတိလစ်စေခြင်းက ပိုင်မပိုင်ဆိုတာကို ဖော်ပြခဲ့ပါတယ်။

မှတ်တမ်းကဏ္ဍမှာတော့ ၂၀၁၃ ခုနှစ်အတွင်း မတ်လနဲ့ ဧပြီကစလို့ တောက်လျှောက် လောင်ကျွမ်းခဲ့တဲ့ ပဋိပက္ခမီးတောက်ကြီးမှာ မွတ်စလင်တွေရဲ့ ဆုံးရှုံးနစ်နာမှုတွေကို အမြဲတမ်းသိမ်းထားနိုင်ဖို့အတွက် ဓာတ်ပုံတချို့နဲ့တကွ မှတ်တမ်းတင်ပြုစုထားပါတယ်။

ပြီးခဲ့တဲ့လကနေ စရေးခဲ့တဲ့ ရာဇာက ဒီလမှစတဲ့ ကဏ္ဍသစ်ဖြစ်တဲ့ “လူမျိုးစုကဏ္ဍ” မှာ အားဖာရ်လူမျိုးစုအကြောင်း တင်ဆက်ထားပါတယ်။ လစဉ် လူမျိုးစုတစ်စုအကြောင်းကို ပုံစုံလင်စွာနဲ့ ဗဟုသုတတိုးပွားဖွယ် တင်ဆက်သွားတော့မှာပါ။

မောင်သုညကလည်း မျိုးရိုးနဲ့ လူမျိုးစုကွာခြားပုံကို ရှင်းလင်းတင်ပြထားပါသေးတယ်။

တမန်တော်မုဟမ္မဒ် (pbuh) ရဲ့ ကျမ်းမာရေးလမ်းညွှန်ချက် (၁၀) ချက်ကို သိချင်ရင်တော့ ဉာဏ်အလင်းကိုမဖြစ်မနေဖတ်ကြည့်ဖို့ လိုအပ်လာပါပြီ။

လစဉ် ၀တ္ထုတိုလေးတွေရေးနေကျ မျိုးအိနြေ္ဒပိုက ဒီလမှာတော့ “ကိုယ်နဲ့မဆိုင်တဲ့ကိစ္စမှာ ၀င်မပါနဲ့” တဲ့။

စတီဗင်က ဒီလမှ အသစ်ဖွင့်လှစ်လိုက်တဲ့ New Muslims ကဏ္ဍမှာ အသက် ၁၇ နှစ်နဲ့ မွတ်စလင်ဖြစ်လာသူတစ်ယောက်အကြောင်းကို ကြည်နူးဖွယ်ရာ ရေးသားထားပါတယ်။

ကမ္ဘာ့အလှဆုံးစာပေ (အရေးအသား) ၁၀ မျိုးထဲမှာ မြန်မာစာပါတယ်လို့ ပြောရင် စာဖတ်သူတွေ အံ့သြသွားလေမလား။ အဆင့်ဘယ်လောက်ချိတ်လဲသိချင်ရင်တော့ နေမိုးတိမ်ရေးတဲ့ အလှဆုံးစာပေ (၁၀) မျိုးကို ဖတ်ကြည့်ရမှာပါ။

Facebook မှာ အကောင်လေးတွေ၊ သစ်ပင်လေးတွေအကြောင်းရေးလေ့ရှိတဲ့ ကိုအေးထွန်းက “ရေနံရံကိုခေါင်းဖြင့်ဆောင့်ကြသူများ” အကြောင်း ရေးထားပါတယ်။

ဖရီးမေဆန်ဂိုဏ်းအကြောင်းဆိုရင် လူတော်တော်များများစိတ်ဝင်စားကြတယ်။ အဲဒီဂိုဏ်းရဲ့ ဇစ်မြစ်ဘယ်ကလာသလဲ၊ မူလဘိုးအေဂိုဏ်းက ဘာလဲ၊ ဘယ်လိုစတင်ခဲ့ကြသလဲဆိုတာကိုလည်း သိရဦးမှာပါ။

ကလေး/ပညာရေး ကဏ္ဍမှာ GTI ကျော်မင်းနိုင်က သားလှရတနာ သမီးလှရတာနာဖြစ်စေဖို့အတွက် ဘယ်လိုပြုစုပျိုးထောင်သင့်သလဲဆိုတာကို ကုရ်အာန်၊ ဟဒီးဆ် ထောင့်စေ့စွာ ဖော်ပြထားပါတယ်။

ကဏ္ဍသစ်ဖြစ်တဲ့ အာရဗီစာပေကနေ ဆင်းသက်လာတဲ့ အင်္ဂလိပ်စကားလုံးကို လစဉ် တစ်လုံးစီကျ တင်ဆက်တော့မှာပါ။

မတရားမှုကို နှုတ်ဆိတ်မနေဖို့ သတိပေးခဲ့တဲ့ မာတင်နီးမိုလာအကြောင်းကို မောင်သုညက ရေးသားခဲ့ပါသေးတယ်။

ဒီလအတွက် ကမ္ဘာ့နိုင်ငံများကဏ္ဍမှာ ဘယ်နိုင်ငံအကြောင်းတင်ဆက်ထားသလဲဆိုတာကိုရော မသိချင်ဘူးလား။

ကဗျာကဏ္ဍမှာတော့ စာရေးဆရာ ဂျာဝီးဒ်သန်းက ဉာဏ်အလင်းအတွက် ကဗျာတစ်ပုဒ်နဲ့အတူ ရှင်းလင်းချက်ကို ကူညီပံ့ပိုးပေးခဲ့တာကို ဖတ်ရှုရဦးမှာပါ။

ဖော်ပြခဲ့တဲ့ အကြောင်းအရာတွေအပြင် အထွေထွေဗဟုသုတ၊ သမိုင်း၊ နိုင်ငံရေး၊ လူမှုရေး အစရှိတဲ့ကဏ္ဍစုံလင်စွာနဲ့ တင်ဆက်လိုက်တဲ့ ဧပြီလထုတ် ဉာဏ်အလင်း မဂ္ဂဇင်းကို 8MB ထဲနဲ့ အခမဲ့ Download လုပ်နိုင်ဖို့အတွက် ဖြန့်ချိပေးလိုက်ပါပြီခင်ဗျာ။

ဝေဖန်အကြံပြုစာများကို Comment သို့မဟုတ် Message ကတစ်ဆင့် ရေးသားပေးပို့နိုင်ပါတယ်။

ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –

Mediafire – http://bit.ly/2oR54rj
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1