ဖေဖော်ဝါရီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၃) ထွက်ပြီ

အရင်နဲ့မတူတဲ့ အပြင်အဆင်တွေနဲ့ ဉာဏ်အလင်း – Enlightenment အွန်လိုင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၃) ကို ဖြန့်ချိလိုက်ပါပြီ။

Layout Design ကို စိတ်ကြိုက်ဖန်တီးပြီးတော့မှ ပရိသတ်လက်ထဲအရောက်ပို့ထားတာဖြစ်ပါတယ်။

ဒီလ ဉာဏ်အလင်းမှာ ဘာတွေဖတ်ရမလဲ။ နည်းနည်းကောက်နုတ်ပေးပါ့မယ်။ ဒီလထုတ် ဉာဏ်အလင်းဟာ အမျိုးသမီးဦးစားပေးဖြစ်တာကြောင့် အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို စုံစုံလင်လင်တင်ဆက်ပေးထားပါတယ်။

– ကမ္ဘာပေါ်မှာ ယဉ်ကျေးမှုအထွန်းကားဆုံးဆိုပြီး တစ်ချိန်က နာမည်ကြီးခဲ့တဲ့ ရောမအင်ပါယာလိုနေရာမှာတောင် အမျိုးသမီးတွေကို မကောင်းဆိုးဝါးလို့ သတ်မှတ်ခဲ့ပေမယ့် တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်ပေါ်လာချိန်မှာ ဘယ်လိုတွေပြောင်းလဲခဲ့သလဲ ဆိုတဲ့ အမျိုးသမီးတွေတွေရဲ့အဆင့်အတန်းကို ပေါ်လွင်အောင်ရေးထားတဲ့ဆောင်းပါး …

– အိမ်မှုရေးရာဝန်ကြီးဌာန သို့မဟုတ် အိမ်ဘုရင်မလို့ M.အောင်မြတ်ဦးက တင်စားရေးသားထားတဲ့ ဟဒီးဆ်အခြေခံဆောင်းပါးတို …

– ကိုယ်တော်မြတ်ကြီးရဲ့ ဇနီးသည်တစ်ပါးဖြစ်တဲ့ မိခင်မွန် ဆွဖီယဟ်သခင်မအကြောင်း …

– အမျိုးသမီးတိုင်း ဖတ်ရှုသင့်တဲ့ ဖသ၀ါလွဒ်ယာန၀ီကျမ်းထဲက ကောက်နုတ်ထားတဲ့ အမျိုးသမီးတွေရဲ့နမာဇ်ဆိုင်ရာ မဆ်အာလဟ်များ …

– အားလုံးအမှတ်တမဲ့ဖြစ်သွားတဲ့ ဖေဖော်ဝါရီ (၁) ရက် မှာ ကျရောက်တဲ့ ကမ္ဘာ့ဟိဂျားဗ်ဝတ်ဆင်ရေးနေ့ (World Hijab Day) အကြောင်းအကျဉ်းနဲ့ တစ်ဆက်ထဲမှာပဲ Facebook တစ်ခွင် ဟိဂျားဗ်အမြင်ကဏ္ဍ … ဒီကဏ္ဍမှာ Facebook က တစ်ဆင့် ရင်ဖွင့်ဖြေကြားခဲ့သူတွေရဲ့ ရင်ဖွင့်သံ အစုံအလင်ကို အားရပါးရ ဖတ်ရဦးမှာပါ …

– ပထမဆုံး ဆိုမာလီနွယ်ဖွားအမျိုးသမီး အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ အိလ်ဟန်းအိုမာရဲ့ အတုယူအားကျဖွယ်ရာ ကြိုးစားအားထုတ်မှု …

– ဇန်န၀ါရီလ အစ က M.အောင်မြတ်ဦးကိုယ်တိုင် တက်ရောက်ခဲ့တဲ့ တွန်ကီအိဂ်ျသေမာ အကြောင်း ကိုယ်တွေ့ခရီးသွားဆောင်းပါး …

– ရောင်နက်ဗလီရှေ့ဆောင်ဆရာ မုဖ်သီအလီဆပ်နဲ့ အင်တာဗျူးအပြည့်အစုံ …

– မျိုးအိနြေ္ဒပိုရေးသားတင်ဆက်တဲ့ စင်ကာပူက အစ္စလာမ့်ပညာရေး …

– အိမ်အတွင်းမှာ သာသနာ့ပညာကိုကြပ်မတ်သင်ကြားပေးဖို့ နည်းလမ်းအသွယ်သွယ် …

– လစဉ် စိတ်ဝင်စားဖွယ် ပုံပြင်တွေရေးသားတင်ဆက်နေတဲ့ K.နိုက်တင်ဂေးလ်ရဲ့ အင်မတန်စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အမြင့်ပျံလင်းယုန် ပုံပြင် …

– စဂ်ျဒဟ်ဦးချရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘယ်လိုအကျိုးကျေးဇူးတွေရှိသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းရေးပြထားတဲ့ စတီဗင်ရဲ့ ကျန်းမာရေးဆောင်းပါး …

– ပင်လယ်စာနဲ့ပတ်သက်ပြီး ပညတ်ချက်ကို ကာရီရဟ်မသွလ္လာဟ်ရဲ့ ရှင်းလင်းတင်ပြချက်

– ကမ္ဘာ့သမိုင်းကဏ္ဍမှာ ဟစ်တလာရဲ့ငယ်စဉ်ဘ၀ကို စိတ်ဝင်စားဖွယ် အကျဉ်းချုံးတင်ဆက်ထားပြီး ဂျာမန်လူမျိုးတွေရဲ့ အမျိုးသားရေးဝါဒ မိတ်ဆက်

– လဲနေသူကို ထူပေးပြီး အားငယ်သူကို အားပေးဖို့ တိုက်တွန်းထားတဲ့ စတီဗင်ရဲ့ အတွေးအမြင်ဆောင်းပါး

– ဃာဇီဟာရှင်ဆွာဟိဗ်ရဲ့ နှစ် ၁၀၀ ပြည့်ကိုလည်း မှတ်မှတ်ရရထည့်သွင်းထားပါသေးတယ် …

– အကောင်လေးတွေအကြောင်း အမြဲရေးလေ့ရှိတဲ့ Facebook က ကိုအေးထွန်းရဲ့ အံ့သြဖွယ်ရာဆင်တွေအကြောင်း …

ဒါတွေအပြင် နောက်ထပ်နောက်ထပ်သော ကဏ္ဍအစုံအလင်ကို ဆန်းသစ်တဲ့ Layout Design နဲ့ အလန်းလွန် အလွန်လန်းစွာ တင်ဆက်ပေးထားတဲ့ ဉာဏ်အလင်း အွန်လိုင်းမဂ္ဂဇင်းကို အောက်ပါ လင့်ခ်တွေမှာ Download ရယူနိုင်ပါတယ်။

PDF အရွယ်အစားက 10 MB သာရှိတာမို့ အဆင်ပြေမယ်လို့မျှော်လင့်ကြောင်း၊ ဝေဖန်သုံးသပ်ချက်တွေကိုလည်း အမြဲတမ်းလက်ကမ်းကြိုဆိုလျက်ရှိကြောင်းပါခင်ဗျာ။

Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE

ဉာဏ်အလင်းအယ်ဒီတာအဖွဲ့