ဇန်နဝါရီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၂) ထွက်ပြီ

ဉာဏ်​အလင်း – Enlightenment အွန်လိုင်းမဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၂) PDF file ကို အောက်ပါ Link တွေထဲက အဆင်ပြေရာကို ရွေးပြီး Download ရယူနိုင်ပါပြီ။

အရင်လက pdf အရွယ်စား ကြီးသွားပြီး 22MB နီးပါး ရှိသွားပါတယ်။ ဒီလတော့ 12.9 .. 13 MB နဲ့ ရအောင်လုပ်ထားပါတယ်။

အရင်လက ၃၅ မျက်နှာပဲရှိခဲ့ရာမှ အခုလကို ကဏ္ဍပိုပြီးစုံလင်စွာနဲ့ ၆၃ မျက်နှာ တင်ဆက်ထားပါတယ်။ တစ်လလုံး တ၀ကြီးဖတ်ရမှာပါ။ အထဲမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နဲ့ Email လိပ်စာကို ထည့်ပေးထားပါတယ်။ ဝေဖန်အကြံပြုချင်တာပဲဖြစ်ဖြစ်၊ တစ်ခုခုပဲဖြစ်ဖြစ် ဆက်သွယ်နိုင်ပါတယ်။

Zawgyi font အသုံးပြုထားတာကြောင့် pdf reader အားလုံးနီးပါးနဲ့ အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ ကျနော် Android ဖုန်းထဲမှာရှိတဲ့Drive PDF Viewer နဲ့ WPS Office ဆိုပြီး pdf reader နှစ်မျိုးလုံးနဲ့ အဆင်ပြေပါတယ်။ စမ်းပြီးပါပြီ။ ကွန်ပြူတာနဲ့ကတော့ အဆင်အပြေဆုံးပေါ့။

အတွင်းစာမျက်နှာအပြင်အဆင်ကို အပြင်အပ်ဖို့ ဘတ်ဂျက်မရှိသေးတာကြောင့် ကိုယ်တိုင်လုပ်ရတုန်းပါ။ အဲဒီအတွက် အပြင်အဆင်မသပ်ရပ်တာရှိမယ်။ စာပြင်မအပ်နိုင်တော့ စာလုံးပေါင်းအမှားအယွင်းရှိဦးမယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့လထက်တော့ အများကြီး သပ်ရပ်သွားပြီလို့ ထင်ပါတယ်။ အမှားလည်း အလွန်နည်းသွားပြီလို့ ထင်ပါတယ်။ အဆင်မပြေတာ၊ မသပ်မရပ်တာရှိရင် ကျနော့်အားနည်းချက်ဖြစ်တာကြောင့် ဒီနေရာကနေပဲ အနူးအညွတ်တောင်းပန်အပ်ပါတယ်

ဆက်လက် ကြိုးစားသွားပါမယ်။

မဂ္ဂဇင်း pdf ကို Download ရယူရန် –

Mediafire – http://bit.ly/evol1no2
Pcloud – http://bit.ly/2ioQGab
Dropbox (Apk ရှိသူများအတွက်သာအဆင်ပြေသည်) –http://bit.ly/2hyR4ld