အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ထွက်ပြီ

အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ထွက်ရှိပါပြီ။ အယ်ဒီတာနှစ်ဦး ခရီးထွက်နေတာကြောင့် အောက်တိုဘာလထုတ် အနည်းငယ်နောက်ကျခဲ့တဲ့အတွက် စာဖတ်ပရိသတ်ကို အနူးအညွှန့်တောင်းပန်အပ်ပါတယ်။

ဘာလိုလိုနဲ့ ဉာဏ်အလင်းထွက်လာခဲ့တာ ၁၁ စောင်မြောက်တောင်ရှိခဲ့ပါပြီ။ ရှေ့လထွက်မယ့်ဟာနဲ့ဆိုရင် ဉာဏ်အလင်း တစ်နှစ်ပြည့် ၁၂ စောင်မြောက်ထွက်ရှိမှာပါ။ အဲဒီမှာ တစ်နှစ်ပြည့်အနေနဲ့ ထူးခြားအခန်းကဏ္ဍလေးတွေ ထည့်သွင်းထားဦးမှာပါ။

ကဲ… အခုထွက်တဲ့ အောက်တိုဘာလထုတ် အတွဲ(၁) အမှတ်(၁၁) မှာ စာဖတ်ပရိသတ်တို့ ဘာတွေဖတ်နိုင်ဦးမှာလဲဆိုတာ ကြည့်ရအောင်။

အယ်ဒီတာ့အာဘော်မှာ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်နေတဲ့ တရားဥပဒေစိုးမိုးရေးအကြောင်းကို စတီဗင်က ရေးထားပါတယ်။

ဒီလမှာ M.အောင်မြတ်ဦးရဲ့ လက်ရာတွေဖြစ်တဲ့ ဖန်ဆင်းရှင်ဂုဏ်ပေးချင်ဘယ်သူတားလို့ရနိုင်လိမ့် ဆိုတဲ့ဆောင်းပါးနဲ့ အသိသတိကပ်စေဖို့ တိုက်တွန်းထားတဲ့ သုံးပါ သို့သော်မဖြုန်းပါနဲ့ ဆောင်းပါးကို ဖတ်ရမှာပါ။

ပုံမှန်ဆောင်းပါးတွေရေးလာတဲ့ M.ကျော်ထွေးဝင်းက ဒီလမှာ ဉာဏ်အလင်းအတွက် လိုအပ်နေတဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ စီးပွားရေးကျင့်ဝတ်ကဏ္ဍမှာ “သာသနာကပြဋ္ဌာန်းထားတဲ့ အပေးအယူကဏ္ဍ” အကြောင်းကို စတင်ရေးသားပါပြီ။ အင်မတန်အရေးကြီးတဲ့ အကြောင်းအရာကို အခန်းဆက်နဲ့ ဖော်ပြပေးသွားမှာဖြစ်လို့ မပြတ်ဖတ်ရှုပေးကြပါဦး။

တစ်လတစ်ပုဒ် ရေးနေတဲ့ ကျော်မင်းထိုက် (ရာမညမြေ) က ဒီလမှာအလုပ်များနေတဲ့ အယ်ဒီတာတွေအတွက် ဆောင်းပါးနှစ်ပုဒ်နဲ့ ကူညီပေးထားပါတယ်။ “အီသီယိုပီးယားမှ ပျောက်ဆုံးနေသော ရှေးဟောင်းမြို့” အကြောင်းနဲ့ အစ္စလာမ်သည်အမျိုးသမီးများအပေါ် အကာအကွယ်ပေးနိုင်ဆုံး ဆိုတဲ့အကြောင်းတွေကို သူက ရေးပေးထားပါတယ်။

ဒီလမှာ ပထမဆုံးစတင်ပါဝင်လာတဲ့ အမေးအဖြေကဏ္ဍဖြစ်တဲ့ “သာသနာ့အမေး မွဖ်တီ့အဖြေ” ကဏ္ဍကို မော်လဝီဟာဖိဇ်မွဖ်တီအိလ်ယားစ်က ကူညီဖြေဆိုပေးထားပါတယ်။ လစဉ်ပါဝင်မှာဖြစ်လို့ မေးခွန်းတွေပေးပို့နိုင်ပြီဆိုတာကို တစ်ခါထဲသတင်းကောင်းပါးလိုက်ပါရစေ။ ဘယ်လိုမေးရမလဲဆိုတာ မဂ္ဂဇင်းထဲမှာ ဖော်ပြထားပါတယ်။

GTI ကျော်မင်းနိုင် (မြေနီကုန်း) က အင်တာနက်ကို ကောင်းခြင်းတရားတွေအတွက်သာ သုံးဖို့ တိုက်တွန်းထားတဲ့ဆောင်းပါးကိုလည်း ဖတ်ရဦးမှာပါ။

ုအေးထွန်းရဲ့ တိရစ္ဆာန်ကမ္ဘာမှာ ဒီလတော့ အကောင်မဟုတ်ဘဲ အပင်တွေအသက်ရှိကြောင်း သက်သေတစ်ခုဖြစ်တဲ့ “ရေတကောင်းပင်”အကြောင်းကို ရေတကောင်းပင်ရဲ့မာယာဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ဆက်ထားပါတယ်။

လူမျိုးစုတွေအကြောင်း လစဉ်ရေးနေတဲ့ ရာဇာက ဘရိုဟီလူမျိုးစုအကြောင်းကို ပြည့်ပြည့်စုံစုံတင်ဆက်ပေးထားပါတယ်။

မျိုးအိနြေ္ဒပိုကတော့ လူတိုင်း ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုဖြစ်တဲ့ စပ်စုစိန်တွေရဲ့ ဘေး ဘယ်လိုရှောင်ပြေးရမလဲဆိုတဲ့ အညင်သာဆုံးချဉ်းကပ်နည်းတစ်ခုကို ရေးသားခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ကျင့်တရားအကြောင်းအရာကဏ္ဍမှာ ဆိုးသွမ်းညီအစ်မသုံးယောက်နဲ့ လူမည်းကျွန်တစ်ယောက်အကြောင်း ဖော်ပြထားပါတယ်။

ကျန်းမာရေးကဏ္ဍမှာ စတီဗင်က စပျစ်သီးအကြောင်းကို ရေးထားပါတယ်။

ပုံပြင်ကဏ္ဍအတွက် K.နိုက်တင်ဂေးလ် က သစ်ခုတ်သမားနဲ့ ပုဆိတ်တစ်လက် ပုံပြင်ပြောထားပါတယ်။

ဒါ့အပြင် အထွေထွေဗဟုသုတကဏ္ဍ၊ စံပြပုဂ္ဂိုလ်ကဏ္ဍ၊ ဟလာလ်/ဟရာမ်ကဏ္ဍ၊ ကမ္ဘာ့သမိုင်းများ၊ အစ္စလာမ့်သမိုင်း၊ အမွေအနှစ်ကဏ္ဍ၊ ဥပဒေကဏ္ဍ၊ ပုံပြင်ကဏ္ဍ၊ ကမ္ဘာ့နိုင်ငံကဏ္ဍနဲ့ ကာတွန်းကဏ္ဍ အစရှိတဲ့ စုံလင်လှတဲ့အကြောင်းအရာတွေကို ကလောင်စုံရဲ့ ထက်မြက်တဲ့လက်စွမ်းတွေတင်ဆက်ထားပါတယ်။

ဉာဏ်အလင်းမဂ္ဂဇင်းကို လူတိုင်းဖတ်ရှုလို့ရအောင် အခမဲ့မျှဝေခြင်းဖြစ်ပါတယ်။ စာဖတ်သူတွေဖက်က 7 MB သာရှိတဲ့ မဂ္ဂဇင်းကို Download ရယူဖို့နဲ့ ဖတ်ဖို့ အချိန်နည်းနည်းလေးပေးဖို့သာလိုပါတယ်။

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h