စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ထွက်ပြီ

စက်တင်ဘာလထုတ် ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၁၀) ထွက်ပါပြီ။ မဂ္ဂဇင်းမှာ အရင်ကထက် ကလောင်တွေစုံလာသလို စိတ်ဝင်စားဖွယ်ကဏ္ဍတွေနဲ့ ဖွယ်ဖွယ်ရာရာတင်ဆက်ပေးထားပါတယ်။ ဒီလအတွက်အယ်ဒီတာ့အာဘော်ကို ရေးနေကျဖြစ်တဲ့ စတီဗင်မရေးဘဲ M.အောင်မြတ်ဦးက “နဗီကြီးယအ်ကူဗ်၏ မုရ်သဒ်မီးအပေါ်စိုးရိမ်စိတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ဆက်ထားပါတယ်။

ပုံမှန်ဆောင်းပါးတစ်ပုဒ်ရေးနေကျ G.T.I ကျော်မင်းနိုင်(မြေနီကုန်း) က ဒီလမှာ ဟိဂ်ျရီပြက္ခဒိန်ဟာ မွတ်စလင်တွေအတွက် ဘယ်လောက်ထိအရေးပါကြောင်းကို ခိုင်ခိုင်မာမာတင်ပြထားသလို ဖန်ဆင်းရှင်ရဲ့အရှေ့မှာ မိမိဆန္ဒတွေကို “ဝ” ကွက်အပ်နိုင်ပြီလားလို့မေးခွန်းထုတ်ထားတဲ့ဆောင်းပါးတစ်ပုဒ်လည်းရေးသားထားပါသေးတယ်။

ဉာဏ်အလင်းမှာ ပြီးခဲ့တဲ့လကစပြီး ရေးသားနေတဲ့ M.ကျော်ထွေးဝင်းကလည်း ဒီတစ်ပတ်မှာ ကြားသမျှစကားတိုင်းကို မစူးစမ်းမဆင်ခြင်ဘဲမယုံကြည်ဖို့အတွက် Facebook ကို ဥပမာပေးပြီး ကုရ်အာန် ဟဒီးဆ်အထောက်အထားပြည့်ပြည့်စုံစုံနဲ့ သတိပေးထားပါတယ်။

အိမ်ထောင်ရေးကဏ္ဍပင်တိုင်ရေးနေတဲ့ Mohammed Naeem (Y.I.T) က ဒီတစ်ပတ်မှာ ဇနီးမောင်နှံနှစ်ဦးအကြား ချစ်စနိုးအမည်တွေနဲ့ ခေါ်ဆိုတတ်ကြပုံ၊ စိတ်ဆိုးကြတဲ့အခါ နာမည်တွေကို ဘယ်လိုရန်တွေ့တတ်ကြသလဲဆိုတာကို ပညာပေးအနေနဲ့ ရေးသားထားပါတယ်။

ဒီလမှာစရေးတဲ့ ကလောင်ရှင် ငြိမ်းချမ်းကိုကိုက ကုရ်အာန်ကျမ်းလာ မူစာနဗီရဲ့ အိမ်ထောင်ရေးဖူးစာကို “မူစာနဗီရဲ့ချစ်ပုံပြင်” ဆိုတဲ့ခေါင်းစဉ်နဲ့ ရင်သပ်ရှုမောဖွယ်ကောင်းအောင် ဖော်ကျူးထားပါသေးတယ်။

တိရစ္ဆာန်လေးတွေအကြောင်း ရေးသားလေ့ရှိတဲ့ အေးထွန်းက ဒီလမှာ ယူကလစ်ရွက်စားတဲ့ ကိုအာလာသားပိုက်ကောင်အကြောင်းဖော်ပြထားပါတယ်။

လူမျိုးစုတွေအကြောင်းရေးတဲ့ ရာဇာကတော့ ဒီတစ်ခေါက်မှာ အရှေ့တောင်အာရှက မွတ်စလင်လူမျိုးစုဖြစ်တဲ့ “ချမ်လူမျိုးစု”အကြောင်းကို သမိုင်းမှတ်တမ်းတွေနဲ့ ရေးသားထားပါတယ်။

ကိုယ့်ကျင့်တရားနဲ့ပတ်သက်ပြီး မျိုးအိနြေ္ဒပိုက “အရက်သမားကိုလည်းကျိန်စာမတိုက်ပါနဲ့”၊ “မိတ်ဆွေသုံးဦးကြားအပြန်အလှန်ရက်ရောမှုနဲ့ ငွေထုတ်သံသရာ” အစရှိတဲ့ ဖြစ်ရပ်မှန်အခြေခံအကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်တင်ဆက်ထားပါတယ်။ ဒါ့အပြင် သူရေးနေကျဖြစ်တဲ့ ကမ္ဘာ့နိုင်ငံများကဏ္ဍမှာ တူနီးရှားနိုင်ငံအကြောင်းဖော်ပြထားပါတယ်။

စတီဗင်ရေးနေကျကဏ္ဍတွေဖြစ်တဲ့ Profile ကဏ္ဍမှာ စင်ကာပူရဲ့ပထမဆုံးအမျိုးသမီးသမ္မတ ဟလီမာယာကွဗ်အကြောင်း၊ Muslim Heritage ကဏ္ဍမှာ သမိုင်းထဲက ထရီပိုလီနဲ့ ဗီယက်နမ်နှင့် အစ္စလာမ်ဘာသာအကြောင်း၊ လစဉ်အခန်းဆက်စာအုပ်ဘာသာပြန်ကဏ္ဍမှာ ဟစ်တလာဘဝဇာတ်ကြောင်း အပိုင်းဆက်ဖြစ်တဲ့ ငရဲခွေးကြီးပြန်လွတ်ပြီ၊ ကျန်းမာရေးကဏ္ဍမှာ “ဥ” အကြောင်း ကို ရေးသားထားပါတယ်။ ကျန်းမာရေးကဏ္ဍနဲ့ ညီသွားစေဖို့အတွက် မော်လဝီကာရီရဟ်မသွလ္လာဟ် (အဇီဇီ၊ ပြင်ခရိုင်) ရဲ့ ဟလာလ်/ဟရာမ်ကဏ္ဍမှာ ဒီလအတွက် “ဥ” နဲ့ပတ်သက်တဲ့ အကြောင်းကိုပဲဖော်ပြပေးထားပါတယ်။

နိုက်တမ်ပလာတွေအကြောင်းအပိုင်းဆက် ရေးနေတဲ့ မောင်သုညက တိုရာကျမ်းထက်ရှေးကျသောအတတ်ပညာများကို မြေလှန်ရှာခဲ့သည့် တမ်ပလာများအကြောင်းကို ရေးထားပါတယ်။

ပုံပြင်ရေးတဲ့ K.နိုက်တင်ဂေးလ်ကတော့ “သစ္စာမဲ့တဲ့မိတ်ဆွေ” ဆိုတဲ့ပုံပြင်လေးရေးထားပါတယ်။

ဒီလအတွက်ကလောင်သစ်ဖြစ် ကျော်မင်းထိုက် (ရာမညမြေ) က စံပြပုဂ္ဂိုလ်ကဏ္ဍမှာ အမေရိကန်ပြည်ထောင်စု ပထမဆုံးမွတ်စလင်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာနိုင်သော ဒေါက်တာ အလ်ဆိုင်ယဒ်အကြောင်းကို ရေးထားပါတယ်။

ကာတွန်းကဏ္ဍမှာတော့ ရခိုင်ပြည်အရေးအပေါ် နိုင်ငံတကာက ကာတွန်းဆရာတွေရဲ့ စုတ်ချက်တွေကို ဖော်ပြထားပါတယ်။

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။

Mediafire – http://bit.ly/2xGZNs6

pCloud – http://bit.ly/2xLG8J1