မဖြုန်းတီးသင့်တဲ့ “ရေ”

ကဏ္ဍ – Cartoon
ဒီလ ဉာဏ်အလင်းရဲ့ ကာတွန်းကဏ္ဍမှာ “ရေရှားပါးမှု” နဲ့သက်ဆိုင်တဲ့ကာတွန်းတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း နွေရာသီရောက်လာတာနဲ့ ရေရှားပါးမှုတွေ စတင်ကြုံတွေ့နေရပါပြီ။ သန့်ရှင်းတဲ့ သောက်သုံးရေ မရမှုကြောင့် ခက်ခဲနေတဲ့ ဒေသတွေအများကြီးရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာ ကာတွန်းဆရာတွေရဲ့ ရေရှားပါးမှုအပေါ် ရှု့မြင်တဲ့အမြင်တွေကို ခံစားကြည့်ပြီး ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
၁. မတူညီသောဦးစားပေးအရာများ
Different Priorities by Julio Carrion Cueva

လူသားများသည် ရှားပါးကုန်ပစ္စည်းများကို အမြဲတစေရှာဖွေနေတတ်ကြသည်။ ကမ္ဘာမြောက်ဖက်ခြမ်းတွင် ရေနံရှာဖွေကြသလို တောင်ဖက်ခြမ်းတွေ ရေချိုရှာဖွေနေကြလေ့ရှိသည်။

၂. ရေသည်အသက်
Water is Life by Cecigian

ရေမရှိသည့်မြေသည် အသက်မရှိသည့်ကမ္ဘာပင်ဖြစ်သည်။

၃. ရေရှားပါးမှုပြဿနာ
Water Issues by Vasco Gargalo

လူပေါင်း ၄ ဘီလီယံသည် ရေချိုပြတ်လပ်နေသည်။

၎. ရေဖြုန်းတီးခြင်း
Water Waste by Svitalsky Bros

လူပေါင်း ၈၈၄ သန်းခန့်သည် သောက်သုံးရေမလုံလောက်ကြပါ။

ဧပြီလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ် (၅) ကို အခမဲ့ Download ရယူရန် –
Mediafire – http://bit.ly/2oN7U1f
Pcloud – http://bit.ly/2nP162Y
Dropbox – http://bit.ly/2otKFN1