သင်သိပါသလား?

ဉာဏ်အလင်း အတွဲ(၁) အမှတ်(၃) အထွေထွေဗဟုသုတကဏ္ဍ
 
ဗဟုသုတတော်တော်လေးပြည့်ဝနေပြီလား။ ဒါဆိုရင် အောက်ပါဗဟုသုတတွေထဲက ဘယ်နှစ်ချက်က သိပြီးသားလဲဆိုတာ ပြန်စစ်ကြည့်ပါဦး။
 
သင်သိပါသလား?

 ကြောင်တစ်ကောင်ရဲ့ နားတစ်ဖက်ဆီမှာ ကြွက်သားပေါင်း ၃၂ ခုရှိတယ်ဆိုတာ …

 
 မိချောင်းဟာ လျှာမထုတ်နိုင်ဘူးဆိုတာ …
 
 ပုစဉ်းတစ်ကောင်ရဲ့ အသက်က ၂၄ နာရီပဲ ဆိုတာ …
 
 ရွှေငါးတစ်ကောင်ရဲ့ မှတ်ဥာဏ်ဟာ သုံးစက္ကန့်သာရှည်တယ်ဆိုတာ …
 
 ငါးတွေထဲမှာ မျက်လုံးနှစ်ဖက်လုံးနဲ့ မျက်တောင်ခတ်နိုင်တဲ့ တစ်ကောင်တည်းသော ငါးဟာ ငါးမှန်းဆိုတာ …
 
 ခရုပက်ကျိတစ်ခါအိပ်ရင် သုံးနှစ်ထိအိပ်နိုင်တယ်ဆိုတာ …
 
 ငှက်ကုလားအုတ်ရဲ့မျက်လုံးဟာ သူ့ရဲ့ဦးနှောက်ထက်ကြီးတယ်ဆိုတာ …
 
 ကလေးတွေ မွေးကင်းစမှာ ခုံညင်းရိုးပါမလာဘူး။ အသက် ၂ နှစ်ကနေ ၆အတွင်းရောက်မှ အဲဒီ ခုံညင်းရိုးပေါ်လာတယ်ဆိုတာ …
 
 လိပ်ပြာတွေဟာ သူတို့ရဲ့ခြေထောက်နဲ့ အရသာခံကြတယ်ဆိုတာ …
 
 ကြောင်တွေဟာ အသံပေါင်း ၁၀၀ ကျော်ထုတ်နိုင်ပေမယ့် ခွေးတွေကတော့ အသံ ၁၀ မျိုးပဲ ထုတ်နိုင်တယ်ဆိုတာ …
 
 Mt နဲ့ဆုံးတဲ့ တစ်လုံးတည်းသော အင်္ဂလိပ်စကားလုံးဟာ Dreamt ဆိုတာ …
 
 လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ အရင်က ဘယ်တိရစ္ဆာန်ကို အိမ်မွေးအဖြစ် မမွေးခဲ့ဘူးဆိုတာ …
 
 မျက်လုံးဖွင့်ရက်နဲ့ နှာချေလို့မရဘူးဆိုတာ …
 
 ကပ်ကြေးကို လီယိုနာဒို ဒါဗင်ချီ တီထွင်ခဲ့တယ်ဆိုတာ …
 
 ဒိုင်းနမိုက်ရဲ့ပါဝင်ပစ္စည်းထဲမှာ မြေပဲပါတယ်ဆိုတာ …
 
 ကီးဘုတ်အသုံးပြုပြီးစာရိုက်မယ်ဆိုပါစို့။ ဘယ်ဘက်လက်တစ်ဖက်ထဲနဲ့
အရှည်ဆုံးရိုက်နိုင်တဲ့ အင်္ဂလိပ်စာလုံးဟာ Stewardesses ဖြစ်ပြီး ညာဘက်နဲ့ အရှည်ဆုံးရိုက်နိုင်တာကတော့ lollipop ဖြစ်တယ်ဆိုတာ …
 
 Dous နဲ့ဆုံးတဲ့ လေးလုံးထဲသော အင်္ဂလိပ်စကားလုံးတွေဟာ “tremendous”, “horrendous”, “stupendous” နဲ့ “hazardous” တို့ ဖြစ်တယ်ဆိုတာ …
 
 အင်္ဂလိပ်သရအက္ခရာ ငါးလုံးစလုံးပါဝင်တဲ့ နှစ်လုံးထဲသော အင်္ဂလိပ်စကားလုံးဟာ “abstemious” နဲ့ “facetious” တို့ ဖြစ်တယ်ဆိုတာ …
 
 ယောက်ျားတွေထက် မိန်းမတွေက နှစ်ဆပိုပြီး မျက်တောင်ခတ်တယ်ဆိုတာ …
(စတီဗင်ရေးသည်)
ယခုလထုတ် ဉာဏ်အလင်းကို Download ရယူရန် –
Mediafire – http://bit.ly/2jBaW9S
pCloud – http://bit.ly/2l0FGNP
Dropbox – http://bit.ly/2jHxCAE