ရမဇာန်လမှာ ဥပုသ်စောင့်ရင်း အစ္စလာမ်ကူးပြောင်းခဲ့သူ

ကဏ္ဍ – Convert Story

ကျမက နယူးယောက်ကပါ။ ပွေတိုရီကန်သူပါ။ ကျမဟာ အာဖရိကမေရိကန်လူမျိုးလည်းဖြစ်ပါတယ်။

အစ္စလာမ်ကိုလက်ခံတော့မိသားစုကို ဘာပြောခဲ့လဲ

အစ္စလာမ်သာသနာဟာ အံ့သြဖွယ်ရာသာသနာဖြစ်တယ်။ လူတစ်ယောက်ဘဝတစ်ခုလုံးကိုပြောင်းလဲပေးနိုင်တယ်။ မင်္ဂလာဆောင်သို့မဟုတ် နှစ်ခြင်းကိစ္စအတွက် ချာခ်ျကိုသွားတာနဲ့ လုံးဝမတူဘူး။ ချာခ်ျကို နေ့ထူးနေ့မြတ်တွေ ကျမှပဲရောက်ဖြစ်ခဲ့တာပါ။ ခရစ်စမတ်ကျရင် ချာခ်ျသွားကြတာကို ကျမပြန်မြင်ယောင်မိတယ်။ နှစ်တိုင်း ဒီလိုချည်းပါပဲ။ ဘာသာကူးပြောင်းလိုက်တာ အတော်ကြည်နူးဖို့ကောင်းပါတယ်။ တရားဒေသနာတွေကို လူသားတစ်ယောက်အနေနဲ့ လက်တွေ့လိုက်နာကျင့်သုံးရတာ အံ့သြစရာပါပဲ။ တစ်နေ့မှာ ကျမမိသားစုလည်း အစ္စလာမ်ကို ကူးပြောင်းလာဖို့ မျှော်လင့်ပါတယ်။ အင်ရှာအလ္လာဟ်။

ရမဇာန်လမှာ ဘယ်လိုနည်းနဲ့ ရိုဇာစထားခဲ့သလဲ?

တကယ်တမ်းတော့ မွတ်စလင်ဖြစ်မှ ရိုဇာဥပုသ်စထားဖူးတာမဟုတ်ဘူး။ မွတ်စလင်မဟုတ်ခင်ကတည်းက ရမဇာန်မတိုင်ခင် တစ်ရက်အလို သို့မဟုတ် တခြားတစ်ရက်ရက်မှာ ဥပုသ်စောင့်တဲ့ အလေ့အကျင့်ရှိခဲ့တယ်။ ရမဇာန်လမဟုတ်ဘဲ စဲဟ်ရီ (ဝါဝင်ဖို့မနက်အစောကြီးထစားခြင်း) စားဖို့ ယောင်ပြီးထမိပြီးမှ ပြန်သတိဝင်လာရင်လည်း ရိုဇာရအောင် ထားလိုက်တော့တာပဲ။

တစ်နေကုန် ဘာမှမစားဘဲ ဥပုသ်ကြီးနဲ့ အလုပ်လုပ်တာပဲ။ ဒီတော့ စိန်ခေါ်မှုတချို့ကိုတော့ ကြုံရတယ်။ ဒါပေမဲ့လည်း “ကောင်းပြီ။ ကျမရမဇာန်တစ်လလုံးရိုဇာထားမယ်” လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါပေမဲ့ အဲဒီတုန်းက ဘာသာရေးအရ ထားတာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျမမွတ်စလင်မဟုတ်သေးဘူးလေ။ ရအောင်ထားနိုင်ခဲ့တယ်။

ဒီလိုဥပုသ်စောင့်ခဲ့တာက ကိုယ့်စိတ်ကူးနဲ့ကိုယ်ပါ။ ဥပုသ်စောင့်တော့ ငြိမ်းချမ်းမှုကို ခံစားရတယ်။ ပြီးတော့ ကျမမိသားစုတွေဆီကတောင် မရဖူးတဲ့ မေတ္တာမျိုးကိုခံစားရတယ်။ ဒါနဲ့ ရမဇာန်လအပြီး သုံးပတ်အကြာမှာ အစ္စလာမ်ကို ကူးပြောင်းဖို့ ကျမဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှာ အစ္စလာမ်ကို ကူးပြောင်းခဲ့တယ်။ ကူးပြောင်းတဲ့နေ့ကတော့ သာမန်နေ့တစ်နေ့ပါပဲ။ ဘာမှထူးခြားမှုမခံစားရဘူး။ ဒါပေမဲ့ နောက်တစ်နေ့မှာ တော်တော်လေးထူးထူးခြားခြားခံစားရတယ်။

ဥပုသ်မစောင့်ခင်တုန်းက စိတ်ဆင်းရဲမှုတွေကို ကြုံဆုံခဲ့ရတယ်။ ရန်ပွဲတွေ၊ ငြင်းခုန်မှုတွေနဲ့ တခြားဟာတွေရောပေါ့။ မိတ်ပျက်ခဲ့တာတွေလည်းမနည်းလှဘူး။ အစ္စလာမ်ကိုလည်း ကူးပြောင်းပြီးရော၊ အင်မတန်အင်အားကြီးမားတဲ့ ငြိမ်းချမ်းမှုတစ်ခုက ကျမနှလုံးသားကို လွှမ်းခြုံသွားတယ်။ ဒါဟာတော်တော်အံ့သြဖို့ကောင်းပါတယ်။ အစစအရာရာ အဆင်ပြေတော့မယ်လို့ ကျမသိလိုက်တယ်။ ဒါနဲ့ ဥပုသ်ဆက်စောင့်တယ်။ ဥပုသ်စစောင့်ဖူးကတည်းက ကြည်နူးမှုကို ခံစားခဲ့ရတာပါ။

ရိုဇာဥပုသ်နဲ့ တစ်နေ့ကိုဘယ်လိုကျော်ဖြတ်သလဲ?

ရမဇာန်လမှာ ကျမညီအစ်မတွေဆီကိုသွားတယ်။ သူတို့နဲ့အတူနေချင်တယ်။ အလုပ်ကပြန်ပြီဆိုတာနဲ့ ပြင်ဆင်ပြီး ဘရွတ်ကလင်းကိုသွားတယ်။ ဒီအချိန်ဆို သူတို့နဲ့ အတူနေတာကလွဲပြီး တခြားဘာမှမလုပ်ချင်ဘူး။ တခြားဘာသာတရားတွေကိုလေ့လာခဲ့ပြီးပေမယ့် အခုလိုခံစားမှုမျိုးမရခဲ့ဘူး။ ကျမအခုမိသားစုနဲ့ အတူတူနေချင်စိတ်တွေပေါက်ပြီး နေနေတယ်။ ဘာကြောင့်လဲတော့ အခုထိသဘောမပေါက်ဘူး။ သူတို့နဲ့အတူနေရင်း ဖက်လှဲတကင်းနှုတ်ဆက်တယ်။ လူသားတွေကို ချစ်ကြောင်း ပြောဖို့ ကျမသင်ယူနိုင်ခဲ့တယ်။

(စတီဗင်)

Why Islam Da’wah Channel မှတက်ဆက်သည့် Sr. Bennet ၏ Fasting Changed My Life Forever! -New Muslim for Ramadan Inspiration ဗီဒီယိုကို ဘာသာပြန်တင်ဆက်သည်။

ရမဇာန်အထူးထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM