၂၀၁၇ ဟဂ်ျပြုသူ ၂ သန်းဝန်းကျင်ရှိ

ဉာဏ်အလင်း
 
ဒီနှစ် မက္ကာဟ်မြို့ကိုသွားရောက်ပြီး ဟဂ်ျပြုလုပ်တဲ့ ကမ္ဘာအရပ်ရပ်က မွတ်စလင်အရေအတွက်ဟာ ၂သန်းဝန်းကျင်လောက်ရှိတယ်လို့သိရပါတယ်။
 
မွတ်စလင်အများစုနေထိုင်ရာနိုင်ငံက လူသန်းပေါင်းများစွာဟာ ဟဂ်ျသွားဖို့ လျှောက်ထားခဲ့ပေမယ့် ခွဲတန်းအရအကန့်အသတ်နဲ့သာ သွားခွင့်ရခဲ့ပါတယ်။ ဆော်ဒီအစိုးရအာဏာပိုင်တွေဟာ နိုင်ငံတစ်နိုင်ငံက မွတ်စလင်တစ်သန်းတိုင်းအတွက် နေရာထိုင်ခင်း ၁၀၀၀ သာ သတ်မှတ်ပေးခဲ့ပါတယ်။ ဒါလည်း ထုံးစံပါပဲ။
 
အယ်ဂျာဇီးရားသတင်းဌာနကဖော်ပြတဲ့ ၂၀၁၇ ခုနှစ် ဟဂ်ျသွားရောက်ခဲ့တဲ့ ထိပ်တန်းနိုင်ငံစာရင်းကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
 
(၁) အင်ဒိုနီးရှား – ၂၂၁၀၀၀
(၂) ပါကစ္စတန် – ၁၇၉၂၁၀
(၃) အိန္ဒိယ – ၁၇၀၀၀၀
(၄) ဘင်္ဂလားဒေ့ရှ် – ၁၂၇၁၉၈
(၅) အီဂျစ် – ၁၀၈၀၀၀
(၆) အီရန် – ၈၆၅၀၀
(၇) နိုင်ဂျီရီးယား – ၇၉၀၀၀
(၈) တူရကီ – ၇၉၀၀၀
(၉) အယ်ဂျီရီးယား – ၃၆၀၀၀
(၁၀) မော်ရိုကို – ၃၁၀၀၀
 
၂၀၁၇ သြဂုတ် ၂၆ ရက် အရောက်မှာ ဟဂ်ျလာရောက်သူ ဟာဂျီလောင်းပေါင်း ၁၅၈၄၂၆၉ ဦး ရှိကြောင်း Saudi Press Agency က ဖော်ပြထားပါတယ်။ အဲဒီထဲကမှ ၁၄၈၃၅၂၂ ဦးဟာ လေကြောင်းကတစ်ဆင့်လာခဲ့ကြောင်း၊ ၈၆၁၄၉ ဦးဟာ ကုန်းကြောင်းကတစ်ဆင့်လာခဲ့ကြောင်းနဲ့ ၁၄၅၉၈ ဦးဟာ ရေကြောင်းကတစ်ဆင့်လာခဲ့ကြောင်း သိရှိရပါတယ်။
 
ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းအတွဲ(၁) အမှတ်(၉) ကို Download ရယူရန်။
 
Mediafire – http://bit.ly/2w2D4r2