သာသနာကပြဋ္ဌာန်းထားတဲ့အပေးအယူကဏ္ဍကိုအလေးပေးရင်း စီးပွားရေးကိုစမ်းစစ်​ကြည့်ရအောင်

ကဏ္ဍ – Business Ethic

အပိုင်း(၁)

(M.ကျော်ထွေးဝင်း)

(မုအာမလားသ်​) အ​ပေးအယူပိုင်းဆိုင်​ရာကဏ္ဍ ဟာအစ္စလာမ်​သာသနာ​ကပြဋ္ဌာန်းထားတဲ့ကဏ္ဍကြီးငါးခုထဲက အရေးပါတဲ့ကဏ္ဍကြီးတစ်​ခုဖြစ်​ပါတယ်​။ ဒီ​က​နေ့ပတ်​ဝန်းကျင်​ကလူ​တွေဟာ ဒီအ​ရေးပါတဲ့ကဏ္ဍကြီးတစ်​ခုကိုဘယ်​​လောက်​​တောင်​လျစ်​လျူရူ​မေ့ပစ်​ထားလိုက်​ကြသလဲဆို​​ရင်​ လူအများစုဟာ မုအာမလားသ်​​ခေါ် အ​ပေးအယူပိုင်းဆိုင်​ရာကဏ္ဍကို အစ္စလာမ်​သာသနာနဲ့ဘာမှမသက်​ဆိုင်​သ​လိုဘဲ သတ်​မှတ်​ထားလိုက်​ကြပြီးဖြစ်​ပါတယ်​။

လူအများစုဟာ အစ္စလာမ်​သာသနာကို (အကာအိဒ်​) ယုံကြည်​ချက်​ပိုင်းဆိုင်​ရာ (အိဘာဒါးသ်) ခဝပ်​ဆည်းကပ်​ခြင်းဆိုင်​ရာ) ကဏ္ဍကြီးနှစ်​ခုမှာပဲအကျဉ်းချုံးထားလိုက်​ကြပြီး (မုအာမလားသ်)​ လို့​ခေါ်တဲ့အစ္စလာမ်​ရဲ့အ​ရေးပါတဲ့အ​ပေးယူကဏ္ဍကြီးကို အပြီးပိုင်​​မေ့ပစ်​လိုက်​​နေကြ​တာအင်​မတန်​မှဝမ်းနည်းဖွယ်​ရာ​ကောင်းလှပါတယ်​။ အမှန်​​တော့ ဒီအ​ပေးအယူပိုင်းဆိုင်​ရာကဏ္ဍနဲ့ပတ်​သက်​ပြီး တရား​တော်​ကပြဋ္ဌာန်းထားတဲ့ ဥပ​ဒေ​တွေ၊ တရား​တော်​ရဲ့သွန်​သင်​ဆုံးမချက်​​တွေ၊ ကုရ်​အာန်​နဲ့ဟဒီးစ်​​တော်​​တွေမှာ ​တောင်​ပုံရာပုံချီလို့ရှိ​နေပါတယ်။ တရား​တော်​က အ​ပေးအယူကဏ္ဍပိုင်းဆိုင်​ရာအစိတ်​ပိုင်းတိုင်းမှာ မွတ်စလင်ထုတရပ်​လုံးအတွက်​ မီး​မောင်းထိုးပြထားတဲ့လမ်းညွန်​​ချက်​​တွေ​ရှိ​နေတယ်​ဆိုတာသတိပြုချိန်​တန်​ပါပြီ။

ဒါ​ကြောင့်​ ဒီကဏ္ဍကိုလူ​တွေသတိပြုလာ​စေရန်​ဒီလ​က​နေစပြီး အပေးအယူပိုင်းဆိုင်​ရာကဏ္ဍမှာ အ​ရေးပါ​သောအစိတ်ပိုင်း တစ်​ခုဖြစ်​တဲ့ စီပွား​ရေးကဏ္ဍနဲ့ပတ်​သက်​ပြီး အစ္စလာမ်​စီးပွားရှင်​တစ်​​ယောက်​ရဲ့ထူးမြတ်​မူအ​ကြောင်း၊ အစ္စလာမ်​စီးပွား​ရေး စနစ်​၊ ဥပ​ဒေပြဋ္ဌာန်းချက်​​တွေအ​ကြောင်း၊ စီးပွား​ရေးနဲ့ပတ်​သက်​ပြီး သာသနာ့သွန်​သင်​ဆုံးမချက်​​တွေ အစရှိတဲ့အ​ကြောင်း အရာ​တွေကို အပိုင်းလိုက်​တင်​ပြ​ပေးသွားလိုပါတယ်​။ ဒီလမှာ​တော့ အစ္စလာမ်​ကစီးပွားရှာဖို့တိုက်​တွန်းချက်​​တွေနဲ့ အစ္စလာမ်​နည်းကျစီးပွားရှာတဲ့ စီးပွားရှင်​​တွေအတွက်​ အစ္စလာမ်​က​သတ်​မှတ်​​ပေးထားတဲ့အဆင့်​တန်းထူးမြတ်​မူ​တွေနဲ့ အစ္စလာမ့် ​နည်းလမ်းနဲ့​ သွေဖည်ပြီးလိမ်​လည်​​ကောက်​ကျစ်​ကာ ခရိုနီဆန်​ဆန်​စီးပွားရှာသူ​တွေအတွက်​ အစ္စလာမ်​က​​သတ်​မှတ်​ထားတဲ့အဆင့်​တန်းနဲ့ သတိပေးချက်တွေအ​ကြောင်း တင်​ပြ​ပေးသွားမှာဖြစ်​ပါတယ်​။

ဟလာလ်​ရိုဇီရှာ​ဖွေရန်​အတွက်​ စီးပွားရှာကြဖို့တရား​တော်​ကအကြိမ်​ကြိမ်​အခါခါတိုက်​တွန်းနိုး​ဆော်​မူ​တွေပြုလုပ်​ထားပါတယ်​။ ကျမ်း​တော်​မြတ်​ကုရ်​အာန်​ထဲမှာအလ္လာဟ်​အရှင်​မြတ်​သခင်​အမိန့်​ရှိ​တော်​မူထားတယ်​။ “ထို့နောက် ဆွလာတ် ဝတ်ပြုမှု ပြီးဆုံးခဲ့သောအခါ အသင်တို့သည် ပထဝီမြေဝယ်အနှံ့အပြားသွားလာကြလျက် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော ရိက္ခာကို ရှာဖွေဆည်းပူးကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာ တ,သ သတိရလျက် ရှိကြလေကုန်။ သို့မှသာလျှင်အသင်တို့သည် အောင်မြင်ကြကုန်အံ့သတည်း” (၆၂း၁၀)

မြောက်​မြားစွာ​သောဟဒီးစ်​​တော်​​တွေမှာ နှစ်​ဘဝသခင်​​ကျေးဇူး​တော်ရှင်​တမန်​​တော်​မြတ်​ကြီး (صلی اللہ علیہ وسلم) ဟာ စီးပွားရှာကြဖို့နဲ့စီးပွားရှာခြင်းရဲ့ ထူးမြတ်​မူ​တွေနဲ့ပတ်​သက်​ပြီး မိန့်​​ခြွေထား​တော်​မူပါတယ်​။ ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာလာရှိတယ်​။ “ဟလာလ်​ရိုဇီရှာ​ဖွေခြင်းသည်​အခြား​သော (နမားဇ်​၊ ရိုဇဟ်​စသည့်​) ဖရဇ်​တာဝန်​များပြီး​နောက်​​ ဆောက်​တည်​ရမည့့် ဖရဇ်​တာဝန်​တစ်​ခုဖြစ်​သည်​” (ဘိုင်​ဟကီကျမ်း ၁၁၄၇၅)

နောက်​ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာလာရှိတယ်​ “အသင်​တို့ထဲ၌အသန့်​ရှင်းဆုံးအစားစာသည်​မိမိလက်​ဖြင့်​လုပ်​ကိုင်​ရှာဖွေပြီးမှရရှိလာသည့်​ အစားစာဖြစ်​သည်​” (သိရ်​မိဇီကျမ်း ၁၃၅၈)

ဘုခါရီကျမ်းရဲ့ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာလာရှိတယ်​။ “ထင်း​စည်း​တွေကိုကြိုးနဲ့တုပ်​၊ မိမိ​ကျောကုန်း​ပေါ်တင်​ကာ လိုက်​လံ​ရောင်းချစီးပွားရှာပြီး​နောက်​ မိမိ​မျက်​နှာ​​​ချွေး​ပေါက်​ကျ​စေသူဟာ မိမိကို​ပေးမလားမ​ပေးဘူးလားမသိရတဲ့လူ​တွေအ​ရှေ့မှာ​လိုက်​လံ​တောင်းရမ်းပြီး​နောက်​မိမိမျက်​နှာ​ချွေး​ပေါက်​ကျ​စေသူထက်​သာပို၍မြတ်​တယ်​” (ဘုခါရီကျမ်း ၁၄၇၁)

အစ္စလာမ်​ကစီးပွားရှာဖို့အမိန့်​​ပေးထားသလို စီးပွားရှာတဲ့အခါမှာ ရိုးသားကြိုးစားပြီး သစ္စာသမာဓိနဲ့ ဖြူဖြူစင်​စင်​စီးပွားရှာဖို့လည်း အမိန့်​​ပေးထားပါတယ်​။ စီးပွားရှာတဲ့အခါလိမ်​လည်​လှည့်​ဖြားကောက်​ကျစ်​မူ​တွေနဲ့ ခရိုနီဆန်​ဆန်​မလုပ်​ကြဖို့အတွက်​လည်းတားမြစ်​ထားပါ​သေးတယ်​။

စီးပွားရှာတယ်​ဆို​တာ​ လောကီအကျိုးခံစားဖို့ဆိုတာမှန်​​ပေမယ့်​လည်း ကိုယ့်​အ​တွေး​ခေါ်ကိုအနည်းငယ်​​ပြောင်းလဲလိုက်​ရင်​ ဒီစီးပွား​ကြောင့်​​ လောကီအကျိုးမြတ်​ဖြစ်​ထွန်းခံစားရမှာဖြစ်​သလို​​ လောကုတ္တရာအတွက်​လည်း ကြီးမား​တဲ့ အကျိုးကျေးဇူးများနဲ့ မြင့်​မား​တဲ့အဆင့်​တန်းများရရှိနိုင်​ပါတယ်​​။

စီးပွား​ရေးသမားတစ်​​ယောက်​အ​နေနဲ့ စီးပွားရှာခြင်း​ကို လောကီအကျိုးတစ်​ခုတည်းအတွက်​ပဲ လုပ်​​နေတယ်​လို့ မသတ်​မှတ်​ဘဲ ဒီအလုပ်​ကိုတရား​တော်​ကအမိန့်​​ပေးထားတဲ့ ဟလာလ်​ရိုဇီရှာ​ဖွေ​နေရခြင်း​ကြောင့်​လုပ်​တယ်​၊ ဒါ့​ကြောင့်​တရား​တော်​ကပြဋ္ဌာန်းထားတဲ့အတိုင်းရိုးရိုးသားသားနည်းမှန်​လမ်းမှန်​နဲ့ရှာ​ဖွေပြီးရရှိလာတဲ့ဟလာလ်​ရိုဇီ​တွေနဲ့ မိမိသားသမီး​တွေကိုပြုစုပျိုး​ထောင်​နိုင်​ဖို့၊ မိဘနှစ်​ပါးဇနီးမယား​ဝတ္တရားများကို​ကျေပွန်နိုင်​ဖို့၊ ​ညီအစ်ကို​မောင်​နှမ​တွေရဲ့လိုအပ်​ချက်​​များကိုဖြည့်​ဆည်း​ပေးနိုင်​ဖို့၊ မိမိလက်​​အောက်​ငယ်​သား၊ သူဆင်းရဲ​တွေကိုကူညီ​ထောက်​ပံ့​ပေးနိုင်​ဖို့ အစရှိတဲ့ ရည်​စူးချက်​​ အမြောက်​အမြားကိုရင်​ဝယ်​ပိုက်​ပြီးစီးပွား​ရေးလုပ်​မယ်​ဆိုရင်​ ထိုစီးပွား​ရှင်​တွေဟာ​​လောကီလောကုတ္တရာနှစ်​ဌာနလုံးမှာစံစားရမှာဖြစ်​ပါတယ်​။ ထိုသို့​သောစီးပွားရှင်​​တွေနဲ့ပတ်​သက်​ပြီး​ မြောက်​မြားစွာ​သောအကျိုး​ထူးမြတ်​မူ​တွေ ဟဒီးစ်​​တော်​​တွေမှာလာရှိထားပါတယ်​။

ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာလာရှိတယ်​။ “မှန်​ကန်​သစ္စာသမာဓိရှိ​သောစီးပွားရှင်​ဟာ နက်​ဖြန်​ကိယာမသ်​ကမ္ဘာတရားခွင်​နေ့မှာ နဗီတမန်​​တော်​များ၊ သစ္စာဝါဒီရှင်​သူ​တော်​​ကောင်းသူမြတ်​​လောင်းများ၊ ရှဟီဒီ (အလ္လာဟ်​လမ်း၌အသက်​​ပေးစွန့်လှူသူများ)နဲ့ အတူရှိ​နေမယ်​” (သိရ်​မိဇီကျမ်း ၁၂၀၉)

နောက်​ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာ “မှန်​ကန်​​သောစီးပွားရှင်​​တွေဟာကိယာမသ်​ကမ္ဘာတရားခွင်​​နေ့မှာ အရှင်​မြတ်​ရဲ့ အရရှ်​ပလ္လင်​အရိပ်​​တော်​​အောက်​မှာရှိ​နေလိမ့်​မယ်​” လို့လာရှိထားတယ်​။ (ဂျာမိအုလ်​အဟာဒီးစ်​ကျမ်း ၁၁၀၄၈)

နောက်​ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာ “မှန်​​ကန်​​သောစီးပွားရှင်​များဟာ ဂျန္နသ်​အမရသုခဘုံသို့ဦးစွာဝင်​ရမယ်​လို့လာရှိထားပါတယ်” (မုစန္နဖ်​အိဗ်​​နေအဗီရှိုင်းဗဟ်​ကျမ်း ၃၆၀၄၃)

ဟဒီးစ်​​တော်​​တွေမှာ အစ္စလာမ်​နည်းလမ်း​တွေကို​သွေဖည်ပြီးလိမ်​လည်​​ကောက်​ကျစ်​တဲ့နည်းလမ်း​တွေနဲ့ ခရိုနီဆန်​ဆန်​စီးပွားရှာတဲ့သူ​တွေအတွက်​လည်းသတိပေးမူ​တွေလာရှိထားပါတယ်​။

တမန်​​တော်​မြတ်​ (صلی اللہ علیہ وسلم) အမိန့်​ရှိ​တော်​မူတယ်​။ “အလ္လာဟ်​အရှင်​မြတ်​ကို​ကြောက်​ရွံ​သော၊ မွန်​မြတ်​မှန်​ကန်​​သောသူတစ်​ချို့ကလွဲလို့​​ မြောက်​မြားစွာ​သောစီးပွားရှင်​​တွေဟာ ကိယမသ်​ကမ္ဘာတရားခွင်​​နေ့မှာ ယုတ်​ညံ့ဆိုးသွမ်း​သောလူဆိုးလူမိုက်​များအဖြစ်​ရှင်​ပြန်​ထရလိမ့်​မယ်​” (သွဗ်​ရာနီကျမ်း ၄၅၄)

“ကိယာမသ်​ကမ္ဘာတရားခွင့်​​နေ့မှာ အရှင်​မြတ်​စကား​ပြောမှာမဟုတ်တဲ့အပြင် အရှင်​မြတ်​ရဲ့ကရုဏာအကြည့်​​တော်​က​နေ လက်​မဲ့ဖြစ်​ကြမှာဖြစ်​သလို အရှင်​မြတ်​ထံ​တော်​ပါးက​နေ သန့်​ရှင်းစင်​ကြယ်​မူခံယူပြီး ဂျန္နသ်​အမရသုခဘုံ မရရှိနိုင်မယ့် လူသုံးဦးစာရင်းထဲမှာ မိမိပစ္စည်း​တွေကိုလိမ်​လည်​ကျိန်​ဆို​ရောင်းချကာ စီးပွားရှာသူ​တွေဟာ တစ်​ဦးအပါဝင်​ဖြစ်​တယ်​လို့မွစ္စလင်​မ်​ကျမ်းရဲ့ဟဒီးစ်​​တော်​တစ်​ပုဒ်​မှာလာရှိထားပါတယ်​(မွစ္စလင်​မ်​ကျမ်း ၄၂၁)

ဒါ​ကြောင့်​ ကိုယ်​လုပ်​​နေတဲ့စီပွား​ရေးဟာ အစ္စလာမ်​နည်းစနစ်​နဲ့ ကိုက်​ညီ​နေသလား၊ သွေဖည်နေသလား ကိုယ့်​ရဲ့စီပွား​ရေးဟာ နည်းမှန်​လမ်းမှန်​​ပေါ်မှာရှိ​နေသလား၊ လိမ်​လည်​​ကောက်​ကျစ်​ ခရိုနီဆန်​ဆန်​စီးပွား​ရေးဖြစ်​​နေသလား၊ ကိုယ့်​ရဲ့ စီးပွား​ရေးဟာ ကိယာမသ်​ကမ္ဘာတရားခွင်​​နေ့မှာ နဗီတမန်​​တော်​များ သစ္စာဝါဒီရှင်​ သူ​တော်​​ကောင်းသူတော်မြတ်များ ရှဟီဒီများနဲ့အတူ ရှင်​ပြန်​ထရမယ့်​စီးပွာ​ရေးလား၊ ယုတ်​ညံ့​သူများ လူဆိုးလူမိုက်​များနဲ့အတူ ရှင်​ပြန်​ထရမယ့်​စီးပွား​ရေးလား ဆိုတာစမ်းစစ်​ဖို့အလွန်​ပဲအ​ရေးကြီးပါတယ်​။

စာရှည်​​သွားပြီးဖြစ်​​သော​ကြောင့်​ ​နောက်​လထွက်​မယ့်​ ဉာဏ်​အလင်းစာ​စောင်​ကျမှပဲ ​ နဗီတမန်​​တော်​များနဲ့ရှင်​ပြန်​ထရမယ်​ဆိုတဲ့ ကြီးမားတဲ့အကျိုးထူးလာရှိထားတဲ့ စီးပွား​ရေးစနစ်​ဟာ ဘယ်​လိုပုံစံမျိုးလဲ၊ တရား​တော်​ကပြဋ္ဌာန်းထားတဲ့ အစ္စလာမ်​စီးပွာ​ရေးစနစ်​ဥပ​ဒေ​တွေ၊ တရား​တော်​ရဲ့သွန်​သင်​ဆုံးမချက်​​တွေဘာ​တွေရှိထားလဲဆိုတာကို​​ စောင့်​​မျှော်ဖတ်​ရူ​ပေးကြပါလို့ အနူးညွတ်​​မေတ္တာရပ်​ခံလိုက်​ပါတယ်​။

===============

7 MB သာရှိတဲ့ အောက်တိုဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၁) ကို အောက်ပါ Link နှစ်ခုထဲက တစ်ခုခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2yk9yzT

pCloud – http://bit.ly/2gTFG2h