ဘာလင်တိုက်ခိုက်မှုတရားခံ ဇာတိမြို့တွင် အစ္စလာမ်ထုံးတမ်းစဉ်လာအတိုင်း မြှုပ်နှံခွင့်မရ

လွန်ခဲ့တဲ့နှစ်က ဂျာမနီနိုင်ငံ ဘာလင်မြို့ ခရစ်စမတ်နေ့မှာဈေးကိုတိုက်ခိုက်ခဲ့သူ အနစ် အလ်-အမ်ရီရဲ့ ရုပ်အလောင်းဟာ ဇာတိဖြစ်တဲ့ Kairouan ပြည်နယ်က Al Oueslatia မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။ အသုဘချရာမှာ လုံခြုံရေးတင်းကျပ်စွာချထားပြီး မိသားစုနဲ့ အိမ်နီးနားချင်းအနည်းငယ်သာ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မြေမြှုပ်သင်္ဂြီုဟ်ရာမှာလည်း အစ္စလာမ့်တရားတော်အတိုင်းကျင်းပပေးမယ့်လူမရှိခဲ့ကြောင်း ဒေသခံမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ သူ့ရဲ့ရုပ်အလောင်းဟာ တူနီးရှား ချားလ်စ်နီကိုးလ်ဆေးရုံကတစ်ဆင့် မကြာသေးခင်ကမှ မိသားစုဆီပြန်ရောက်ခဲ့တာပါ။ ရုပ်အလောင်းကို အတည်ပြုစစ်ဆေးထားပြီး ရင်ခွဲထားပါတယ်။

ခရစ်စမတ်နေ့တိုက်ခိုက်မှု

ကွယ်လွန်သူများအတွက် အောက်မေ့ခြင်း

လွန်ခဲ့တဲ့ ဇွန် ၃၀ ရက်အစောပိုင်းမှာ သူ့ရဲ့အလောင်းဟာ တူနီးရှားကိုပြန်ရောက်လာခဲ့ပါတယ်။ မိသားစုဟာ သူ့အလောင်းကို အီတလီကနေပြန်သယ်ဖို့ သယ်ဆောင်ခကို မရမကရှာနိုင်ခဲ့လို့ အခုလိုပြန်ရခဲ့တာဖြစ်ပါတယ်။ တူနီးရှားနိုင်ငံမှာ နိုင်ငံသားတွေအတွက် ဈာပနာအခမ်းအနားကုန်ကျစရိတ်ကို အစိုးရကျခံလေ့ရှိပေမယ့် အနစ်အတွက်တော့ ငြင်းဆိုတာခံခဲ့ရပါတယ်။

Ref: english.alarabiya.net

ဇူလိုင်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၈) ကို အောက်ပါ Link တွေကနေ Download ရယူနိုင်ပါပြီ

Mediafire – http://bit.ly/2umlRbf
pCloud – http://bit.ly/2vxQTeP