တိုက်ပွဲသတင်းကြောင့် မြန်မာဒုက္ခသည်များ အိန္ဒိယဘက်သို့ ထွက်ပြေး

 

အမျိုးသမီးနှင့် ကလေးအများစုပါဝင်သည့် လူပေါင်း ၂၈၀ ကျော်သည် ရခိုင်ပြည်နယ်မှ ထွက်ပြေးကာ အိန္ဒိယနိုင်ငံ မီဇီရမ်ပြည်နယ် တောင်ဘက်စွန်း Siaha ခရိုင်ရှိ ရွာနှစ်ရွာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့အရာရှိတစ်ဦးက ပြောသည်။ အိန္ဒိယနိုင်ငံဘက်မှ သတင်းရင်းမြစ်များအရ အာရကန်အာမီ (AA) သူပုန်တပ်ဖွဲ့သည် ရွာထဲမှရွာသားများကို ဖမ်းဆီးထားကြောင်း၊ ကျန်အမျိုးသမီးနှင့် ကလေးများမှာ မီဇိုရမ်ပြည်နယ်ထဲသို့ထွက်ပြေးသွားကြောင်းသိရသည်။

လူပေါင်း ၂၀၀ ကျော်သည် Lungpuk ရွာတွင်ခိုလှုံပြီး နောက်ထပ် ၇၇ ဦးမှာ Khalkhy တွင်ခိုလှုံနေသည်။

နယ်စပ်တစ်လျှောက်တွင် စောင့်ကြပ်နေသော အိန္ဒိယပြည်ထဲရေးလက်အောက်ရှိ အာသံရိုင်ဖယ်လက်နက်ကိုင်တပ်ဖွဲ့မှ စစ်သားများနှင့် ဒေသခံအစိုးရအာဏာပိုင်များက ထွက်ပြေးတိမ်းလျှောက်လာသော ဒုက္ခသည်များကို အကူအညီပေးခဲ့သည်။ ရွာနှစ်ရွာတွင် နေရာထိုင်ခင်းပေးခဲ့သလို အစားအသောက်နှင့် ထင်းများလည်း ကူညီပေးခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။

Siaha ခရိုင်ရဲမှူး ကိုယ်တိုင် Lungpuk ရွာသို့သွားကာ လိုအပ်သည့် လုံခြုံရေးစီမံကိန်းများချမှတ်ပေးခဲ့သည်။

မြန်မာအခြေစိုက် ရခိုင်သူပုန် AA သောင်းကျန်းသူအဖွဲ့ နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများဖြစ်တော့မည်ဆိုသည့်သတင်းကြောင့် ဒေသခံများထွက်ပြေးခဲ့ရခြင်းဖြစ်သည်။ အာသံရိုင်ဖယ်တပ်ဖွဲ့တာဝန်ရှိသူများက မြန်မာဒုက္ခသည်များ၏ လုံခြုံရေးကို ဂရုစိုက်ပေးရန် မြန်မာစစ်တပ်အား မေတ္တာရပ်ခံထားသည်။

Ref: economictimes.indiatimes

Photo : Burhaan Kinu/HT Representative Photo

ဉာဏ်အလင်းမဂ္ဂဇင်း အတွဲ(၁) အမှတ်(၆) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7