အမေရိကန်ပြည်ထောင်စု ပထမဆုံးမွတ်စလင်ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာနိုင်သော ဒေါက်တာအလ်ဆိုင်ယဒ်

ကဏ္ဍ – Inspiring Person

ကျော်မင်းထိုက် (ရာမညမြေ)

အသက် ၃၂ နှစ်အရွယ် Rhodes ပညာသင်ဆုပိုင်ရှင် ဆရာဝန်တစ်ဦးသည် အမေရိကန်မြို့ကြီးတစ်မြို့၏ အဓိကကျန်းမာရေးဌာနတစ်ခုကို ဦးစီးဦးဆောင်ပြုလုပ်မည့် အသက်အငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ အမေရိကန် ဒက်ထွိုက်မြို့စီးပွားရေးပျက်ကပ်ဆိုက်ပြီးနောက် ဒက်ထွိုက်ကျန်းမာရေးဌာနကို ပြန်လည်ဖွဲ့စည်းတည်ဆောက်စဉ် တာယန်ထမ်းဆောင်ရန် သူ့ကို အသက် ၃၀ ကတည်းက ခေါ်ယူအားဖြည့်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်အနေနဲ့ ရုံးအတွက်ရွေးကောက်ပွဲဝင်ဖို့ တစ်ခါမှမရည်ရွယ်ဖူးဘူး။ စိတ်ထဲမှာတောင် မတွေးမိဘူးဆိုပါတော့” ဟု ဒေါက်တာ အလ်-ဆိုင်ယဒ်က ပြောသည်။ သို့သော် Flint မြို့မှာ သောက်သုံးရေရှားပါးမှု ပြသနာဖြစ်ပြီးနောက်ပိုင်းတွင် အလ်စယဒ်အား သမ္မတဟောင်း ဘီလ်ကလင်တန်၏ ရုံးတွင်တာဝန်ထမ်းဆောင်ရေးအတွက် ရွေးကောက်ပွဲဝင်ရန် ၄င်း၏တက္ကသိုလ်ဘွဲ့နှင်းသဘင်တွင် စတင်အဆိုပြုခြင်း ခံခဲ့ရသည်။ ထိုအချိန်မှစ၍ သူသည် နိုင်ငံရေးလောကသို့ ၀င်ရောက်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်ချက်ချခဲ့သည်။

အလ်-ဆိုင်ယဒ်၏ မိဘနှစ်ပါးမှ အီဂျစ်နိုင်ငံမှ ရွှေ့ပြောင်းအခြေချသူများဖြစ်သည့်အားလျော်စွာ အခက်အခဲများကြားမှပင် ယခုအခါ မီချီဂန်ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ရေးအတွက် မဲဆွယ်စည်းရုံးရေးလုပ်ငန်းကို ပြင်းပြင်းထန်ထန်ပြုလုပ်နေလေပြီ။ သူသာအနိုင်ရခဲ့မည်ဆိုပါက ၂၀၁၉ ခုနှစ်အရောက်တွင် အမေရိကန်ပြည်ထောင်စု၏ ပထမဆုံးမွတ်စလင် ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာတော့မည်ဖြစ်သည်။

အလ်ဆိုင်ယဒ်သည် မွတ်စလင် ကိုယ်စားလှယ်တစ်ဦးဖြစ်သောကြောင့် ၎င်း၏ကိုးကွယ်မှုအရ မီချီဂန် မြို့၏ ထိန်သီးအရာရှိအဖြစ်တာဝန်ထမ်းရန် မသင့်တော်သူ သို့မဟုတ် ၎င်းရာထူးအတွက် အကောင်းဆုံးပုဂ္ဂိုလ်မဖြစ်နိုင် ဟူသော ပြောဆိုချက်များကို အားနှင့်မာန်နှင့်တုန့်ပြန်ခဲ့သည်။ “ကျွန်တော့်အနေနဲ့ မီချီဂန် ပြည်နယ်ရဲ့ ပထမဆုံး မွတ်စလင် အုပ်ချုပ်ရေးမှူးဖြစ်လာဖို့ ပြိုင်ပွဲဝင်နေတာလုံးဝမဟုတ်ပါဘူး။ မီချီဂန် အုပ်ချုပ်ရေးမှူးဖြစ်ရေးအတွက်သာ ပြိုင်ပွဲဝင်နေတာဖြစ်ပြီး ကံအားလျော်စွာနဲ့ ကျွန်တော်ဟာ မွတ်စလင်တစ်ဦးဖြစ်နေတာပါ”ဟု ဖွင့်ဟခဲ့သည်။

အလ်ဆိုင်ယဒ်သည် 9/11 တိုက်ခိုက်မှုအပြီး ၁၆ နှစ်ကြာသည်အထိအမေရိကန်မွတ်စလင်များ ရင်ဆိုင်နေရသော အခက်အခဲများကို ကောင်းစွာသိရှိသူဖြစ်သည်။ “မိမိတို့၏အသက်ရှင်ရပ်တည်ရေးအတွက် ရုန်းကန်နေရသူတွေကို စောင့်ကြည့်စစ်ဆေးဖို့ ဖွဲ့စည်းထားတဲ့ ဗျူရိုကရက်တစ် စနစ်ကြီးနှင့် တိုင်းချစ်ပြည်ချစ်ဥပဒေ (Patriot Act) စတင်လာတာနှင့်အတူ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို လျှော့ချခံထားရတာကြာပါပြီ။ ခင်ဗျားရဲ့ခေါင်းပေါ်က ခြုံထည်ကြောင့်၊ မျက်နှာပေါ်က မုတ်ဆိတ်မွှေးတွေကြောင့်၊ အသားအရောင်ကြောင့် ခင်ဗျားလူအများကြားထဲမှာ သွားလာရင်း ပတ်ဝန်ကျင်းကိုသတိထားတဲ့အချိန်မှာ ခင်ဗျားအတွက် အဆင်မပြေတာတွေရှိတတ်တယ်” ဟု အလ်ဆိုင်ယဒ်က ပြောဆိုခဲ့သည်။ အမေရိကန်တွင် ဘာသာရေးနှင့်ပတ်သက်ပြီး ထိလွယ်ရှလွယ်အနေအထားပေမယ့် သူ့ရဲ့သတင်းစကားတွေကို မျှဝေနိုင်မယ်လို့ သူအနေနဲ့ ယုံကြည်ထားပါတယ်။

“ဒေါ်နယ်ထရန့်ရဲ့အမေရိက ကလူတွေနဲ့ ခင်ဗျားဘယ်လိုလုပ်ပြီး စည်းရုံးပြောဆိုမှာလဲလို့ ကျွန်တော့်ကို လူတွေမကြာခဏမေးလေ့ရှိပါတယ်။ ဒေါ်နယ်ထရန့်ရဲ့ အမေရိက မဟုတ်ပါဘူးဗျာ၊ ကျွန်တော်တို့ရဲ့ အမေရိကန်ပြည်ထောင်စုပါ လို့ အမြဲပြန်ဖြေခဲ့ပါတယ်” ဟု ဆိုင်ယဒ်ကပြောသည်။ “အမေရိကန်ပြည်ထောင်စုကြီး စတင်တည်လာကတည်းက ပြည်ထောင်စုသားတွေဟာ တူည်ီတဲ့တာဝန်ယူမှုတွေကို မျှဝေခံစားစံစားလာတွေဟာ အားလုံးတန်းတူဖြစ်ပါတယ်” ဟု ဆိုသည်။

၂၀၁၆ခုနှစ် ရွေးကောက်ပွဲတွင် မီချီဂန်ပြည်နယ်၌ မမျှော်လင့်ထားပါဘဲလျက် ဒေါ်နယ်ထရန့် အနိုင်ရခဲ့ခြင်းဟာ ဒီမိုကရက်တစ်ပါတီ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ဖို့ သတိပေးလှုံဆော်သကဲ့သို့ဖြစ်ခဲ့သည်။ အလ်ဆိုင်ယဒ် အနေနှင့် ထုတ်ဖော်ဝေဖန်ပြောဆိုဖို့ တွေဝေမနေခဲ့ပါဘူး။ “အခုလက်ရှိမှာ ဒီမိုကရက်တစ်သမားတွေအနေနဲ့ ရင်ဆိုင်နေရတဲ့ အဓိကစိန်ခေါ်မှုကတော့ သူတို့ တွေအဓိကထောက်ခံတဲ့ အကောင်းဆုံးအစီအစဉ်တွေနဲ့ လုံးဝဆန့်ကျင်တဲ့ ငွေကြေးထောက်ပံ့တဲ့ စနစ်တစ်ခုအပေါ်မှာ မှီခိုနေရခြင်းပါဘဲ” ဟု အလ်ဆိုင်ယဒ်က ဆိုသည်။

အလ်ဆိုင်ယဒ်သည် မဲဆွယ်စည်းရုံးရေးအဖြစ် လက်ရှိအချိန်ထိ မြို့ပေါင်း ၈၁မြို့နဲ့ မီချီဂန်ပြည်နယ်ထဲက ကောင်တီပေါင်း ၃၅ ခုကို ရောက်ရှိခဲ့ပြီးဖြစ်သည်။ သူဟာ ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ်ဝင်ပြိုင်ခဲ့သူ ဘားနီဆန်ဒါးနှင့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးစဉ်အသုံးပြုခဲ့သော မှတ်ချက်များဖြစ်သည့် “ပြည်သူတိုင်းနဲ့စကားပြောပါ” နှင့် “တစ်မဲမှနောက်မှာမကျန်ခဲ့စေနဲ့” ဆိုသည့် အချက်များကို လက်ကိုင်စွဲထားသည်ဟု ဆိုသည်။

စက်တင်ဘာလထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၁၀) ဟာ 5 MB သာရှိတာကြောင့် အလွယ်တကူပေါ့ပေါ့ပါးပါး အခမဲ့ Download ရယူနိုင်မှာပါ။ ကဏ္ဍစုံလင်တဲ့ ရသစုံ ဉာဏ်အလင်းမဂ္ဂဇင်းကို ဖတ်ဖို့ အောက်ဖော်ပြပါ Mediafire သို့မဟုတ် pCloud ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ အခမဲ့ရယူလိုက်ပါ။

Mediafire – http://bit.ly/2xGZNs6

pCloud – http://bit.ly/2xLG8J1