တောင်အာဖရိကနိုင်ငံ လူမျိုးခွဲခြားမှုဆန့်ကျင်ရေးခေါင်းဆောင် အဟ်မဒ် ကသ်ရာဒါ ကွယ်လွန်ပြီ

လူဖြူအစိုးရအား ဆန့်ကျင်ကာအဖျက်အမှောင့်လုပ်ငန်းများလုပ်ဆောင်သည့် စွဲချက်ဖြင့် တောင်အာဖရိကနိုင်ငံ ခေါင်းဆောင်ကြီး နယ်လ်ဆင်မင်ဒဲလားနှင့်အတူ ထောင်ထဲ၌ ၂၆ နှစ် နေခဲ့ရသည့် လူမျိုးခွဲခြားမှုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ အဟ်မဒ် အသ်ရာဒါသည် အသက် ၈၇ နှစ်အရွယ်၌ ဂျိုဟန်နစ္စဘတ်မြို့ရှိနေအိမ်တွင် အင်္ဂါနေ့က ကွယ်လွန်သွားခဲ့သည်။
 
၎င်း၏ ဦးနှောက်အတွင်းသွေးခဲသွားသောကြောင့် ဤလအစောပိုင်းက ဆေးရုံတင်ခဲ့ရသည်။
 
ကသ်ရာဒါကို ၁၉၂၉ ခုနှစ် သြဂုတ် ၂၁ ရက် က တောင်အာဖရိကနိုင်ငံ အနောက်မြောက်ပိုင်း၌ အိန္ဒိယနိုင်ငံမှ လာရောက် အခြေချသူ မိဘများမှ မွေးဖွားခဲ့သည်။
 
လူမျိုးခွဲခြားရေးဝါဒလက်ကိုင်ပြုထားသည့် ရုန့်ရင်းကြမ်းတမ်းသောလူနည်းစု လူဖြူအစိုးရလက်ထက်တွင် မင်ဒဲလားနှင့်အတူ ၁၉၆၄ ခုနှစ်အတွင်း စွဲချက်တင် ထောင်ချခံရသူများအနက် ကသ်ရာဒါလည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ ၎င်းတို့ ထောင်ချခံရသည့် ဖြစ်စဉ်သည် ကမ္ဘာကြီးကို အာရုံစိုက်မိစေခဲ့သည်။
 
လူမျိုးခွဲခြားရေးဝါဒီအစိုးရ ပြုတ်ကျသွားပြီးနောက် ထောင်မှလွတ်လာခဲ့ပြီးနောက် ပထမအာဖရိကအမျိုးသားကွန်ဂရက် (ANC) အစိုးရ သမ္မတ မင်ဒဲလား၏ လွှတ်တော်အကြံပေးအရာရှိအဖြစ် ၁၉၉၄ မှ ၁၉၉၉ ခုနှစ်ထိတိုင် တာဝန်ထမ်းဆောင်ခဲ့သည်။
 
၎င်းနှင့်အတူ ထောင်ကျခဲ့သည့် နာမည်ကျော်ပုဂ္ဂိုလ်များထဲတွင် မင်ဒဲလား၊ ဝေါလ်တာ ဆီစူလူ နှင့် ဒဲနစ် ဂိုးလ်ဘာ့ဂ်တို့ပါဝင်သည်။
ပုံအညွှန်း – ညာဘက်စွန်ပုဂ္ဂိုလ်မှာ အဟ်မဒ် ကသ်ရာဒါဖြစ်ပြီး အလယ်နှင့် ညာအစွန်မှ နှစ်ဦးသည် တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားနှင့် သမီးဖြစ်သူ ဇင်ဒ်ဇီမင်ဒဲလားတို့ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် ဂျိုဟန်နစ္စဘတ်မြို့၌ ရိုက်ကူးထားခြင်းဖြစ်သည်။ Credit Debbie Yazbek/Agence France-Presse — Getty Image
 
ဉာဏ်အလင်း
 
Ref: Al Jazerra
 
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz