သီရိလင်္ကာနိုင်ငံက အာဒမ်တောင်ထိပ်

ပုံထဲမှာဖော်ပြထားတဲ့ ခြေရာကြီးရဲ့အရွယ်အစားက ၅’ ၇” x ၂’ ၆” ရှိပြီး ဟဇရသ်အာဒမ် (peace be upon him) ရဲ့ ခြေရာလို့ အများက ယူဆထားကြပါတယ်။ အာဒမ်သခင်ရဲ့အရပ်ဟာ အတောင် ၆၀ ရှိတယ်လို့ သိရပါတယ်။ (၁ တောင် = ၁၀ လက်မ)
 
အဲဒီခြေရာကြီးဟာ သီရိလင်္ကာနိုင်ငံရဲ့တောင်ထိပ်တစ်ခုမှာရှိနေပါတယ်။ ခြေရာကိုအစွဲပြုပြီးတောင်ထိပ်ကို အာဒမ်တောင်ထိပ် (Adam’s Peak) လို့ ခေါ်သလို သီရိပဒါ (Sri Pada) သို့မဟုတ် ခြေရာတော်မြတ် လို့လည်း ခေါ်တွင်ကြပါတယ်။
 
အာဒမ်သခင်ကို ကောင်းကင်ဘုံကနေ ကမ္ဘာမြေပြင်ကို နှင်ခံရတော့ သီရိလင်္ကာကို ရောက်ခဲ့တာဖြစ်မယ်လို့ တချို့သော ပညာရှင်တွေက ဆိုကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ ဒီခြေရာဟာ ဗုဒ္ဓခြေရာလို့ ယုံကြည်ကြပြီး ကိုးကွယ်ရာနေရာအဖြစ် ဖန်တီးပြုလုပ်ထားပါတယ်။
ပုံပါ ဓာတ်ပုံတွေနဲ့ ဒီအကြောင်းအရာကို ကြည်ညိုကိုင်းရှိုင်းစရာလို မမှတ်ယူဘဲ သမိုင်းဗဟုသုတအချက်အလက်အနေနဲ့သာ သဘောထားဖတ်ရှုဖို့ စာရှုသူများကို တိုက်တွန်းအပ်ပါတယ်။
 
အစ္စလာမ်ဘာသာဝင်တွေရဲ့ ပထမဦးဆုံး နဗီတမန်တော် အာဒမ် သခင်ရဲ့နာမည်ကို ကုရ်အာန်ကျမ်းမြတ်ထဲမှာ ၂၅ ကြိမ်တိတိဖော်ပြထားပါတယ်။ ဂျန္နတ်သုခဘုံကနေ နှင်ခံရပြီးနောက် နဗီကြီးဟာ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ပဲ သီရိလင်္ကာကျွန်းနိုင်ငံရဲ့ မြေပုံဟာလည်း မျက်ရည်သဏ္ဌာန်လေးဖြစ်နေပါတယ်။
ဉာဏ်အလင်း
References:
Atlas of the Quran – Dr. Shauqi Abu Khalili
 
စိတ်ဝင်စားစရာဗဟုသုတများနှင့် ရသစုံမဂ္ဂဇင်းကို လစဉ်အခမဲ့ဖတ်ရှုနိုင်ရန် Enlightenment Magazine စာမျက်နှာကို Like လုပ်ထားပါ။
 
Like Enlightenment for more.
ယခုလထုတ် ဉာဏ်အလင်း မဂ္ဂဇင်း အတွဲ(၁) အမှတ်(၄) ကို Download ရယူရန် –
Mediafire – http://bit.ly/2mE2MPq
pCloud – http://bit.ly/2m6cB5B
Dropbox – http://bit.ly/2lqzmnz