ISIS ခေါင်းဆောင် အလ်-ဘဂ္ဂဒါဒီသေဆုံးပြီလော

ISIS အဖွဲ့ခေါင်းဆောင် အဗူဘက္ကရ် အလ်-ဘဂ္ဂဒါဒီတစ်ယောက် သေဆုံးခဲ့ပြီလို့ ဆီရီးယားလူ့အခွင့်အရေးစောင့်ကြည့်လောရေးအဖွဲ့ (The Syrian Observatory for Human Rights) ရဲ့ ဒါရိုက်တာက ပြောပါတယ်။
 
“ဒိုက်ယာအက်ဇိုး ခရိုင်က IS ထိပ်တန်းခေါင်းဆောင်ပိုင်းတချို့က အဗူဘက္ကရ် အလ်-ဘဂ္ဂဒါဒီ သေပြီလို့ ကျနော်တို့ကို အတည်ပြုခဲ့တယ်။ သူသေပြီဆိုတာပဲ။ ဘယ်လိုသေတယ်၊ ဘယ်တုန်းကသေတယ်တော့မသိဘူး” လို့ Observatory ရဲ့ ဒါရိုက်တာ ရမီးအဗ္ဗဒွရ်ရဟ်မာန်းက ပြောပါတယ်။
 
လွန်ခဲ့တဲ့ မေ ၂၈ ရက်က ရုရှားတိုက်လေယာဉ်တွေလက်ချက်နဲ့ IS ခေါင်းဆောင်တွေ အစည်းအဝေးလုပ်နေတဲ့ စခန်းတစ်ခု ဗုံးမှန်ခဲ့ပြီး ဘဂ္ဂဒါဒီအပါအဝင် IS တပ်မှူး ၃၀၊ စုစုပေါင်း စစ်သွေးကြွ ၃၀၀ သေဆုံးခဲ့ဖွယ်ရှိတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက လွန်ခဲ့တဲ့ဇွန်လမှာပြောခဲ့ပါသေးတယ်။
 
၂၀၁၄ ခုနှစ် မိုဆူးလ်မြို့က အန်နူရီဗလီမှာ “ခလီဖာ” ဆိုတဲ့ တရားဟောပြီးနောက်ပိုင်းကတည်းကဘဂ္ဂဒါဒီကို လူထုကြားထွက်တာမတွေ့ရတော့ပါဘူး။
 
ဆက်စပ်ဖတ်ရှုရန် – http://wp.me/p5pNNN-q8

ဇွန်လထုတ် ဉာဏ်အလင်း အတွဲ(၁) အမှတ်(၇) ကို အောက်ဖော်ပြပါ ကြိုက်နှစ်သက်ရာ Link တစ်ခုကနေ Download ရယူနိုင်ပါပြီ။

Mediafire – http://bit.ly/2sfEZqD
pCloud – http://bit.ly/2sMWi38
Dropbox – http://bit.ly/2thhOKM