မွတ်စလင်သံတမန်များအား ဝါဖြေပွဲဖြင့် တည်ခင်းဧည့်ခံသည့် ဂျပန်ဝန်ကြီးချုပ်

လွန်ခဲ့သော သောကြာနေ့က အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်ဖြေပွဲ (ဝါဖြေပွဲ) အိဖ်သာရ်ညစာကို ဂျပန်ဝန်ကြီးချူပ်ရှင်ဇိုအဘေးက မြို့တော်တိုကျိုရှိ ၎င်း၏ ရုံးခန်းတွင် တည်ခင်းဧည့်ခံခဲ့သည်။ ဝါဖြေပွဲတို့တက်ရောက်ချီးမြှင့်ရန် နိုင်ငံ ပေါင်း ၃၈နိုင်ငံနှင့် ဒေသတွင်းမှ သံတမန်များကို အဘေးက ဖိတ်မန္တပြုခဲ့သည်။

အစ္စလာမ်သာသနာ၏ အနှစ်သာရများသည် ဂျပန်တို့ တမြတ်တနိုးကိုင်စွဲထားသော တန်ဖိုးများနှင့် ဘုံတူညီမှုများရှိသည်ဟု ဝန်ကြီးချုပ်အဘေးက ပြောခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ဖော်ပြချက်အရသိရသည်။

တစ်လတာကြာမြင့်မည့် အစ္စလာမ်ဘာဝင်တို့၏ဝါတွင်းကာလသည် ဂျပန်နိုင်ငံတွင် မေ ၂၇ မှစတင်ခဲ့ပြီး မြန်မာနိုင်ငံတွင် မေ ၂၈က စတင်ခဲ့သည်။

၂၀၀၅ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇုမိက ဝါဖြေပွဲတည်ခင်းဧည့်ခံချိန်မှစ၍ နှစ်စဉ်နှစ်တိုင်းဆိုသလို ဝန်ကြီးချုပ်ရုံးခန်းတွင် ဝါဖြေပွဲဖိတ်ကြားတည်ခင်းဧည့်ခံလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံတော်တော်များများ၌ ပြည်တွင်းမှအစ္စလာမ်ဘာသာဝင်များကို နိုင်ငံခေါင်းဆောင်များက ရမဇာန်ဥပုသ်က နှုတ်ခွန်းဆက်သခြင်း၊ ဝါဖြေပွဲတည်ခင်းဧည့်ခံခြင်းနှင့် ဝါကျွတ်အီးဒ်ပွဲတော် နှုတ်ခွန်းဆက်သခြင်းများကို လုပ်လေ့ရှိသော်လည်း မြန်မာနိုင်ငံတွင်မူ အလားတူယဉ်ကျေးမှုမျိုး ထွန်းကားခြင်းမရှိသေးပေ။

Ref: Japan Times

အတွဲ (၁) အမှတ် (၆) ကို Download ရယူရန်

Mediafire – http://bit.ly/2qzk7YZ
pCloud – http://bit.ly/2rp2r17
Dropbox – http://bit.ly/2pNIeG7