အသက်အကြီးဆုံး အင်ဒိုဖွားဖွား ဟဂ်ျဖတ်ဖို့ ဆော်ဒီရောက်

ဉာဏ်အလင်း

အသက် ၁၀၄ နှစ်ရှိပြီဖြစ်တဲ့ အင်ဒိုနီးရှားဖွားဖွား မာရီယာ မာဂါနီ မိုဟမ္မဒ်ဟာ ဟဂ်ျပြုလုပ်ဖို့အတွက် ဂျစ်ဒါမြို့ ဘုရင်အဗ္ဗဒွလ်အဇီးဇ် နိုင်ငံတကာလေဆိပ်ကို ဆိုက်ရောက်လာခဲ့ပါပြီ။ ဒီနှစ်ဟာဂျီတွေထဲမှာ သူမဟာအသက်အကြီးဆုံးဖြစ်မှာပါ။

ဖွားဖွားကို ဆော်ဒီယာဉ်ကျေးမှုနှင့်အချက်အလက်ဆိုင်ရာဝန်ကြီးဌာနက ဒါရိုက်တာ အဗ္ဗဒွလ်ခါလစ်က် အလ်-ဇဟ်ရာနီက လေဆိပ်မှာခရီးဦးကြိုပြုခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားသံအမတ်နဲ့ ဆော်ဒီမီဒီယာများစွာကလည်း ကြိုဆိုခဲ့ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စလင်လူဦးရေအများဆုံးရှိတဲ့နိုင်ငံဖြစ်သလို ဒီနှစ်ဟဂ်ျပြုလုပ်တဲ့ ဟာဂျီအရေအတွက်အများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။

ဟဂ်ျနှင့် ကုရ်ဗာနီအထူးထုတ် ဉာဏ်အလင်းအတွဲ(၁) အမှတ်(၉) ကို Download ရယူရန်။

Mediafire – http://bit.ly/2w2D4r2
pCloud – http://bit.ly/2vuKWhs